လန်ဒန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ လေပိုင်နက်အတွင်း သို့ တရားမဝင် ဦးတည်ပျံသန်းလာသည့် ရုရှားဗုံးကြဲလေယာဉ် နှစ်စီးအား ကြားဖြတ်တားဆီးရန် ဗြိတိန်တော်ဝင် လေတပ် (RAF) ၏ တိုင်ဖုန်းဂျက်တိုက်လေယာဉ် များကို အလျင်အမြန် စေလွှတ်ခဲ့ရကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘူထရို့စ် ဘူထရို့စ်-ဂါလီ (Boutros Boutros-Ghali) သည် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း ကြားသိရသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ကြေကွဲ ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။
ဆန်ဖရန်စ္စကို၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) အကြမ်းဖက်သမား တစ်ဦး၏ Apple လက်ကိုင်ဖုန်းအတွင်းရှိ အချက်အလက်များအား ဝင်ရောက်ရှာ ဖွေရာတွင် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့(Federal Bureau of Investigation= FBI) အား ကူညီရန် တရားရုံး၏ အမိန့်အား အက်ပ်ပဲ (Apple) နည်းပညာ ကုမ္ပဏီက...
စင်ကာပူ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) အာရှတွင် အကြီးဆုံး နှင့် ကမ္ဘာပေါ်ရှိ အရေးပါဆုံး လေကြောင်းအာကာသ နှင့် ကာကွယ်ရေး ကုန်စည်ပြပွဲများ အနက် တစ်ခုဖြစ်သည့် စင်ကာပူ လေကြောင်း ကုန်စည်ပြပွဲ အား ဖေဖော်ဝါရီလ၁၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကိုင်ရို၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း အီဂျစ်လူမျိုး အသက် ၉၄ နှစ်အရွယ် ဘူထရို့စ် ဘူထရို့စ်-ဂါလီ (Boutros Boutros-Ghali) သည် ဂီဇာရှိ ဆေးရုံ၌ ဖေဖော်ဝါရီလ ၁၆ ရက်က ကွယ်လွန်သွား ခဲ့ကြောင်း MENA သတင်း...
ရန်ချို မရာ့ချ်၊ အမေရိကန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံ (ASEAN) များနှင့် စီးပွားရေး ဆိုင်ရာ ဆက်ဆံရေး ပဏာမ ခြေလှမ်းသစ် စတင်မည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက ဖေဖော်ဝါရီလ ၁၆ ရက်က ပြောကြား...
ကရာကက်စ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ကမ္ဘာ့ရေနံ အများဆုံး ထုတ်လုပ်သည့် နိုင်ငံများ ဖြစ်သော ဗင်နီဇွဲလား၊ ဆော်ဒီ အာရေဗျ၊ ရုရှား၊ ကာတာနိုင်ငံ တို့က ဆက်တိုက် ကျဆင်းလျက် ရှိသော ရေနံ ဈေးနှုန်းများ တည်ငြိမ်မှု ရှိစေရန် အတွက် ရေနံ ထုတ်လုပ်မှုများအား...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံတွင် လွန်ခဲ့သည့်လက ပျောက်ဆုံးကြောင်း ကြေညာထားသည့် အမေရိကန် ၃ ဦးမှာ လွတ်မြောက် လာပြီးဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီလ ၁၆ ရက် အတည်ပြုပြောကြားလိုက် သည်။
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံရေးနှင့်ပတ်သက်၍ ဆီးရီးယား၏ ပြိုင်ဘက် အုပ်စုများ ဖေဖော်ဝါရီလ ၂၅ ရက် စေ့စပ်ဆွေးနွေး ရေး စားပွဲဝိုင်းများပေါ်သို့ ပြန်လည်ရောက်ရှိလာရေးအတွက် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် စတပ်ဖန် ဒီ မစ်တူရာ ဆက်လက် ကြိုးပမ်းလျက်ရှိကြောင်း ကုလသမဂ္ဂ...
ရန်ချို မီရာ့ချ်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဘားရတ် အိုဘားမား နှင့် အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်များသည် ရင်းနှီး ချစ်ကြည်မှု တာရှည်တည်တံ့ရန် ရှေးရှု၍ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်တွေ့ဆုံ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။