Connect with us

Europe

မိသားစုအရေးအကြောင်းပြချက်ဖြင့် နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီး ရာထူးမှ နှုတ်ထွက် စာတင်

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် John Key အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝဲလင်တန် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် ဂျွန်ကီး(John Key) သည် နိုင်ငံ၏ လူကြိုက်အများဆုံး ဝန်ကြီးချုပ်တစ်ဦးအဖြစ် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံ နှင့် အစိုးရအဖွဲ့အား ၎င်းသည် ရာထူးမှနှုတ်ထွက်တော့မည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၅ ရက် တွင် ရုတ်တရက်ကြေညာခဲ့သည်။

ဂျွန်ကီးက ၎င်းဦးဆောင်သော အလယ်အလတ်လက်ယာယိမ်း အမျိုးသားပါတီ ( National Party ) သည် နယူးဇီလန်နိုင်ငံရွေးကောက်ပွဲတွင် သုံးကြိမ်ဆက် အောင်မြင်မှုရရှိခဲ့ကြောင်း နှင့် လာမည့် နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါတီကို ၎င်းအနေဖြင့်လေးကြိမ်မြောက် သက်တမ်းတွင် ဆက်လက် ဦးဆောင်ရန် ဆန္ဒမရှိတော့ကြောင်း ရုပ်သံကြေညာချက်တွင် ဖော်ပြပါရှိသည်။ယနေ့နံနက်မှာပင် အစိုးရအဖွဲ့ဝင်များအား ရာထူးမှနှုတ်ထွက်မည့် ကိစ္စကိုတင်ပြသွားမည်ဖြစ်ကြောင်း ကီးက ဆိုသည်။ထို့ပြင် ရာထူးမှ နှုတ်ထွက်ရခြင်းမှာ မိသားစု အရေးကိစ္စကြောင့်ဖြစ်ကြောင်း “ ကျွန်တော့်ကို အင်မတန်ချစ်မြတ်နိုးသူများအတွက်” ကြီးကျယ်သော ရာထူးကို စွန့်လွှတ်ရန် လိုအပ်ရခြင်းဖြစ်ကြောင်း ကီး ကပြောကြားခဲ့သည်။

“ ကျွန်တော့် ဇနီး Bronagh ဟာ ညပေါင်းများစွာ ၊ ရက်သတ္တပတ်ပေါင်းများစွာကို တစ်ယောက်ထဲ အထီးကျန်စွာ ဖြတ်သန်းခဲ့ရပါတယ်။ သူ့အတွက်အရေးကြီးတဲ့ အခမ်းအနားများစွာကို ကျွန်တော်တက်ရောက်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ဘူး” ဟု ကီးက ဆိုသည်။“ အဖေ့အလုပ်ကြောင့် သမီး Stephie န ဲ့သား Max တို့နှစ်ဦးဟာ ကလေးဘဝ ကနေ လူငယ်ဘဝကို ဖိအားတွေ နဲ့နေထိုင်ကျော်ဖြတ်ခဲ့ရတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အမျိုးသားပါတီအနေဖြင့် ဒီဇင်ဘာ ၁၂ ရက်တွင် ခေါင်းဆောင်သစ်တစ်ဦး ရွေးချယ်တင်မြှောက်ရန် အထူးအစည်းအဝေးတစ်ခုကို ပြုလုပ်သွားမည်ကြောင်း ၊ ၂ဝ၁၇ နှစ် ရွေးကောက်ပွဲမတိုင်မီ ခေါင်းဆောင်သစ် ရွေးချယ်ရေးကိစ္စကို “ ဖြေရှင်းပြီးဖြစ်အောင်” အချိန်ယူရမည်ဖြစ်ကြောင်း ကီး ကဆိုသည်။၂ဝ၁၇ ခုနှစ် နိုဝင်ဘာ လတွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အမျိုးသားပါတီအနေဖြင့် တစ်ဖန်ပြန်၍ အနိုင်ရမည်ဟု ယုံကြည်ကြောင်း ကီး ကပြောကြားခဲ့သည်။“ လေးကြိမ်မြောက် ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်ဖို့မေးလာရင် အဲဒါကို ကျွန်တော်မယုံကြည်ပါဘူး။ ပြည်သူတွေရဲ့ အကြည့်တွေ အပြောတွေကို ဂရုစိုက်ရမှာပေါ့” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။“ ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရတာပါ။ နောက်ဘာဆက်လုပ်ဖြစ်မလဲဆိုတာကို မသိသေးပါဘူး။ ဒါပေမယ့် အချိန်ကောင်းအခါကောင်း နှုတ်ထွက်လိုက်တာလို့တော့ ခံစားရတယ်” ဟု ဂျွန်ကီးက ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117