လစ္စဘွန်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံသမ္မတဟောင်း မာရီယို စိုရက်စ် သည် ပေါ်တူဂီနိုင်ငံ မြို့တော် လစ္စဘွန်းမြို့ရှိ ဆေးရုံတစ်ခုတွင် နှစ်ပတ်ကြာတက်ရောက်ပြီးနောက် ဇန်နဝါရီ ၇ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း နှင့် ကွယ်လွန်ချိန်၌ အသက် ၉၂နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ၂ဝ၁၆ ခုနှစ် အမေရိကန်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက ကြားဝင်နှောက်ယှက်ခဲ့သည်ဆိုသော အကြောင်းအရာများကို အမေရိကန်နိုင်ငံထောက်လှမ်းရေးအဖွဲ့က ဇန်နဝါရီလ ၆ ရက်တွင် အများပြည်သူတို့အား ထုတ်ပြန်ခဲ့သည်။
အစ္စလမ်မာဘတ် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ၏ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး(ဟောင်း) ရာဟီရှရစ် ( Raheel Sharif ) အား အစ္စလမ်မစ် ၃၉ နိုင်ငံ ညွန့်ပေါင်း တပ်ဖွဲ့၏ ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Khwaja Asif က...
ဝါရှင်တန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ Fort Lauderdale –Hollywood လေဆိပ်၌ ဇန်နဝါရီလ ၆ ရက်က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၅ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့ကဆိုသည်။
အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အနောက်ပိုင်း အစ်ဇ်မီးယားမြို့တွင် ဇန်နဝါရီလ ၅ ရက် အစောပိုင်းက ကား တစ်စီး ဗုံးပေါက်ကွဲပြီးနောက် ယင်းနိုင်ငံအတွင်းရှိ အမေရိကန် နိုင်ငံသားများအား တူရကီနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
လန်ဒန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဗြိတိန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန မှ ထိန်းချုပ် နိုင်သည့် လေဆာ ရောင်ခြည် လက်နက် နမူနာ ကို ထုတ်လုပ်သွားမည် ဖြစ်ပြီး အနာဂတ်တွင် လက်တွေ့တိုက်ပွဲ၌ အသုံးပြုနိုင်သည့် လေဆာ ရောင်ခြည် လက်နက်...
ဒမက်စကက်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်သည့် လာတာကီရာမြို့တွင် ဇန်နဝါရီ ၅ရက်က ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးသေဆုံးခဲ့ပြီး အခြားလူ ၃၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းကဖော်ပြခဲ့သည်။
ဂျီနီဗာ ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဂျီနီဗာ တွင် တည်ရှိသည့် သတင်းမီဒီယာ ဆိုင်ရာ လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်း ဖြစ်သည့် ” သတင်းမီဒီယာ သင်္ကေတ လှုပ်ရှားမှု”( Press Emblem Campaign ) မှ ဇန်နဝါရီ ၅ ရက်နေ့တွင်...
ဝါရှင်တန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန သည် ဇန်နဝါရီလ ၅ ရက်နေ့တွင် အိုစမာ ဘင်လာဒင်(Osama Bin Laden) ၏ သား ဟမ်ဇာ ဘင်လာဒင် (Hamza Bin Laden) အား ကမ္ဘာလုံး ဆိုင်ရာ...
ဒါကာ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အဓိက လေဆိပ်ဖြစ်သည့် ဒါကာမြို့ လေဆိပ်တွင် အလေးချိန် ၁.၂ကီလိုဂရမ်ရှိသော ရွှေချောင်း ၁၂ချောင်းအား စအိုထဲ၌ ထည့်သွင်းဖွက်လာသည့် ပြည်ပမှ ဆိုက်ရောက်လာသော ခရီးသည်တစ်ဦးအား အကောက်ခွန်တာဝန်ရှိသူများက ဇန်နဝါရီ ၅ရက်တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။