Connect with us

Europe

စပိန်၌ အပေါ့စားလေယာဉ်ပျက်ကျရာ လေးဦးသေဆုံး

စပိန်နိုင်ငံ အလယ်ပိုင်း Toledo ပြည်နယ်၌ ပျက်ကျသွားသော လေယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မက်ဒရစ် ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံအလယ်ပိုင်း Toledo ပြည်နယ်၌ လူကြီး ၂ ဦး နှင့် ကလေးငယ် ၂ ဦး လိုက်ပါလာသော အပေါ့စား လေယာဉ်ပျံတစ်စင်းသည် ဒီဇင်ဘာလ ၄ ရက်က ပျက်ကျသွားခဲ့ကြောင်း ဒေသတွင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်သည် မက်ဒရစ်မြို့ရှိ Cuatro Vientos လေဆိပ်မှ ဒေသစံတော်ချိန် မွန်းလွဲ ၄ နာရီခန့်တွင် စတင်ထွက်ခွာလာပြီး ပေါ်တူဂီနိုင်ငံ Cascais မြို့သို့ဦးတည်ပျံသန်းစဉ် မွန်းလွဲ ၄ နာရီ ၂ဝ မိနစ်ခန့်တွင် စပိန်နိုင်ငံ Canada Real Leonesa နယ်မြေတွင် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သိုးကျောင်းသားတစ်ဦးက လေယာဉ်ပျက်ကျသွားသည်ကို တွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များအား အသိပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ကယ်ဆယ်ရေးသမားများ အခင်းဖြစ်နေရာသို့ရောက်ရှိချိန်တွင် တစ်စုံတစ်ရာ လုပ်ကိုင်နိုင်ခြင်းမရှိတော့ကြောင်း နှင့် လေယာဉ်ပျက်ကျပြီး နှစ်နာရီခန့်အထိ လေယာဉ်မှာ မီးစွဲလောင်နေခဲ့ကြောင်း သိရသည်။လေယာဉ်ပျက်ကျမှုတွင် ပါဝင်သွားကြသူများ၏ အမည်ကို ဖော်ထုတ်နေဆဲဖြစ်ကြောင်း နှင့် ပျက်ကျရခြင်းအကြောင်းကို သိရှိနိုင်ရန် ကျွမ်းကျင်သူများက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။ အခင်းဖြစ်ပွားချိန်တွင် မိုးရွာသွန်းနေခြင်း နှင့် တိမ်စိုင်အနိုမ့်များ မျောလွင့်နေခြင်းတို့ကြောင့် ရာသီဥတုအခြေအနေမှာ ဆိုးဝါးလျက် ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117