ဒူဘိုင်း၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) ဒူဘိုင်းကုန်စည်ပြပွဲ ၂၀၂၀ ပွဲကို နိုင်ငံပေါင်း ၁၂၀ တက်ရောက်ရန်ရှိကြောင်း၊ ထိုနိုင်ငံများမှ နိုင်ငံတကာပွဲအားပူးပေါင်းပါဝင်မည်ဟုကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါကုန်စည်ပြပွဲမှ ပြောရေးဆိုခွင့်ရှိသူက ဧပြီလ ၂၆ ရက် တွင် အတည်ပြုပြောကြားခဲ့ကြောင်း၊ state-run သတင်းဌာန WAM မှ ဖော်ပြခဲ့သည်။
ထရီပိုလီ ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) လစ်ဗျား နိုင်ငံ မြို့တော် ထရီပိုလီကို ထိန်းချုပ်ရန် နှစ်ဘက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့် အတွက် အစိုးရ နှင့် နိုင်ငံ အရှေ့ပိုင်း အခြေစိုက် စစ်တပ် အကြား အပစ်အခတ် ရပ်စဲရေး တောင်းဆိုမှုအား ကုလသမဂ္ဂ...
ကိုလံဘို၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ဧပြီလ ၂၁ ရက်က နေရာအနှံ့အပြားတွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၃၅၉ ဦးအထိတိုးမြင့်လာကြောင်း ရဲတပ်ဖွဲ့ မှ ဧပြီလ ၂၄ ရက်တွင်ပြောသည်။
ဆစ်ဒနီ ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ဂျပန် နိုင်ငံသူ တစ်ဦးသည် ၎င်း၏ လက်ဆွဲအိတ် အတွင်း တောက်တဲ့ ၁၉ ကောင်အား ထည့်၍ သြစတြေးလျ နိုင်ငံ ပြင်ပသို့ခိုးထုတ်ရန် ကြံစည်သောကြောင့် ထိန်းသိမ်းခံခဲ့ရပြီးနောက် တရားရုံး၌ ယနေ့တွင် အမှု ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ကမ်ပါလာ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ယူဂန်ဒါနိုင်ငံ အရှေ့ပိုင်းရှိ ဒေသနှစ်ခုတွင် လွန်ခဲ့သောရက်များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ လူ ၁၈ သေဆုံးခဲ့ကြောင်း ယူဂန်ဒါ ရဲဘက်ဆိုင်ရာက ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဧပြိ ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်တို့သည် ရုရှားနိုင်ငံအရှေ့ဖျားရှိ Vladivostok မြို့တွင် ဧပြီ ၂၅ ရက်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Yuri Ushakov က ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) အမေရိကန်ဒုသမ္မတဟောင်း ဂျွန်ဘိုင်ဒင်သည် လာမည့် ၂ဝ၂ဝ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည့်အကြောင်းကို ဧပြီ ၂၅ ရက်တွင် ထုတ်ဖော်ကြေညာသွားရန်ရှိကြောင်း ၎င်း၏ မဲဆွယ်လှုပ်ရှားမှုအဖွဲ့နှင့် နီးစပ်သည့်သတင်းအရင်းအမြစ်ကို ကိုးကား၍ ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြခဲ့သည်။
ကိုလံဘို၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင်ဧပြီလ ၂၁ ရက်တွင်ဖြစ်ပွားခဲ့သည့် ပြင်းထန်သည့်ဗုံးပေါက်ကွဲမှုများကြောင့် အများအပြားသေဆုံးခဲ့ရသူများကို အမှတ်ရသည့် အနေဖြင့် ဧပြီလ ၂၃ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃ မိနစ်ငြိမ်သက်ခဲ့ကြောင်း သိရသည်။
အန်ကာရာ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက အီရန်ထံမှရေနံတင်သွင်းမှုပြုနေသောနိုင်ငံများအပေါ် ပိတ်ဆို့မှုကင်းလွတ်ခွင့်ပေး နေခြင်းများအားအဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ်တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လုသ် ကာဗူဆို ဂလု (Mevlut Cavusoglu) ဧပြီလ ၂၂ ရက် ကဝေဖန်ပြောကြားခဲ့ပါသည်။
အစ္စလာမ်မာဘတ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်မှာ နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် မာယန် ဆယ်လ်လင်းမ် (Maryam Sallem) က လွန်ခဲ့သော သုံးနှစ်အကြာက မြို့ပြဘဝကိုစွန့်လွှတ်ကာ ဝေးလံခေါင်ဖျားလှသော တောင်ပေါ်ဒေသတွင် အခြေချရန် ဆုံးဖြတ်ခဲ့သည်။ ၎င်း၏ ဆုံးဖြတ်ချက်...