Connect with us

Africa & Middle East

(၅)နှစ်ကြာ ကာလပြီးနောက် ဂီနီနိုင်ငံတွင် အီဘိုလာရောဂါတစ်ကျော့ပြန် ဖြစ်ပွား၊ အတည်ပြုလူနာ (၁၅)ဦးအထိ တိုးမြင့်လာ

ဂီနီနိုင်ငံ Macentaအနီးတွင် အီဘိုလာရောဂါကူးစက်ခံရသူ သံသယူနာတစ်ဦးအား ‌ဆေးကုသရန် ကုသရေးစင်တာသို့ ပို့ဆောင်နေသည်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကာနေလ်ခရီလ်၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)

ဂီနီနိုင်ငံ အီဘိုလာရောဂါ အတည်ပြုလူနာ (၁၅)ဦးအထိ တိုးမြင့်လာပြီး ၎င်းတို့အနက်(၅)ဦး သေဆုံးခဲ့ကြောင်း N’Zerekoreပြည်နယ် ဆေးရုံအကြီးအကဲAdama Kabaက ဖေဖော်ဝါရီ ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဌာနများ၏ စာရင်းများအရ အတည်ပြုလူနာနှင့်ထိတွေ့ဖူးသူ (၁၅၀)ကျော်ရှိသည်ကို တွေ့ရှိရကြောင်း ၊ ၎င်းတို့အနက် (၁၁၅)ဦးသည် N’Zerekoreပြည်နယ်မှဖြစ်ပြီး (၁၀)ဦးမှာ မြို့တော် ကာနေလ်ခရီလ်မှဖြစ်ကြောင်း ၊ အတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ဖူးသူ (၉၅)ရာခိုင်နှုန်းကို ဆေးရုံတွင် ကျန်းမာရေးအခြေအနေစောင့်ကြည့်လျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 ဂွန်ဂို(RDC)နိုင်ငံ၏ အီဘိုလာကပ်ရောဂါသည် နိုင်ငံတကာအာရုံစိုက်စရာ ရုတ်ခြည်းဖြစ်ပွားသည့် ပြည်သူ့ကျန်းမာရေးအခြေအနေရှိဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ ရက်က ကြေညာစဉ်(ဆင်ဟွာ)

အတည်ပြုလူနာနှင့်ထိတွေ့ဖူးသူအားလုံးကို အိမ်တွင် သီးခြားခွဲနေ၍ အသွားအလာကန့်သတ်ထားကြောင်း ဂီနီကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ အနီးကပ်ထိတွေ့ဖူးသူများသည် (၂၁)ရက်ကြာ ကျန်းမာရေးစောင့်ကြည့်မှုခံယူရမည်ဖြစ်ကြောင်း ဂီနီနိုင်ငံ အမျိုးသား ကျန်းမာရေးလုံခြုံမှုဌာနက ဆိုသည်။ N’Zerekoreပြည်နယ်အစိုးရဌာနက အချင်းဖြစ်ပွားသည့်နေတွင် အပတ်စဉ် ဈေးပွဲကို ပိတ်သိမ်းခဲ့သလို သာရေးနာရေးအခမ်းအနားစသည့် လူအများစုစည်းနိုင်သည့် ပွဲများ၏ကျင်းပမှုကို တားမြစ်ထားသည်။

N’Zerekoreပြည်နယ်သည် ဂီနီနိုင်ငံ အရှေ့မြောက်ပိုင်းတွင် တည်ရှိသည်။ ဂီနီနိုင်ငံ၌ အီဘိုလာကပ်ရောဂါ ပြန်ပေါ်လာခဲ့ပြီး အတည်ပြုလူနာ (၇)ဦးတွေ့ရှိရကြောင်းနှင့် ၎င်းတို့အနက် (၃)ဦး သေဆုံးခဲ့ကြောင်း ဂီနီကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဂီနီနိုင်ငံအပါအဝင် အနောက်အာဖရိကနိုင်ငံ (၃)နိုင်ငံတွင် အီဘိုလာကပ်ရောဂါ ဖြစ်ပွားခဲ့ရာ လူပေါင်း (၁၁,၀၀၀)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

——————————
(Chinese Version)
(科技) 时隔5年 几内亚再现埃博拉病例, 几内亚埃博拉确诊病例增至15例
2021-02-16 09:20:14
  新华社阿比让2月15日电(记者郑扬子)科纳克里消息:几内亚恩泽雷科雷省医院院长阿达马•卡巴15日发表声明说,几内亚埃博拉确诊病例已增至15例,其中5人死亡。
 声明说,据几卫生机构统计,已发现超过150人与确诊病例有密切接触,其中115人位于恩泽雷科雷省,10人位于首都科纳克里,95%的密接者已纳入医学观察范围。
  几卫生部称,所有确诊病例的密接者已居家隔离并被限制出行。几内亚国家卫生安全局表示,密接者将接受为期21天的医学观察。恩泽雷科雷省政府部门即日起关闭当地每周集市,禁止葬礼等大型人员聚集活动。
恩泽雷科雷省位于几内亚东南部。14日,几内亚卫生部确认当地出现埃博拉疫情,并称已报告7例确诊病例,其中3人死亡。
  2013年至2016年,包括几内亚在内的西非三国曾暴发埃博拉疫情,夺走超过1.1万人的生命。(完)
2014年11月21日,医务人员在几内亚马森塔附近送一名埃博拉病毒疑似感染者前往埃博拉治疗中心。(新华社/法新)
  2020年2月12日,世界卫生组织在瑞士日内瓦宣布,刚果(金)埃博拉疫情仍然构成国际关注的突发公共卫生事件。图为世卫组织总干事谭德塞(中)出席新闻发布会。(新华社记者陈俊侠摄)