Connect with us

International Organizations

ပထမဆုံး အာဖရိကန်အမျိုးသမီး အကြီးအကဲကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ကြိုဆို

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော Ngozi Okonjo-Iweala အား တွေ့ရစဉ် (ဓာတ်ပုံ- WTO/Handout via Xinhua)

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အဖွဲ့ဝင်များက နိုင်ဂျီးရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဟောင်း Ngozi Okonjo-Iweala အား ညွှန်ကြားရေးမှူးချုပ်အသစ်အဖြစ် ခန့်အပ်မှုကို ဖေဖော်ဝါရီ ၁၅ ရက်က သဘောတူခဲ့ကြောင်း WTO ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်ကို WTO ၏ အထွေထွေကောင်စီ အထူးအစည်းအဝေး၌ ကမ္ဘာ့ဘဏ် ဝါရင့်တစ်ဦးကို တရားဝင်ရွေးချယ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဒေါက်တာ Okonjo-Iweala ဟာ WTO ကို ဦးဆောင်မယ့် ပထမဆုံးအမျိုးသမီးနဲ့ ပထမဆုံး အာဖရိကန်လူမျိုးဖြစ်လာမှာဖြစ်တယ်။ သူက မတ်လ ၁ ရက်မှ စတင်တာဝန်ထမ်းဆောင်မှာဖြစ်ပြီး သက်တမ်းထပ်တိုးလို့ရတဲ့ သူ့ရဲ့ရာထူးသက်တမ်းက ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်” ဟု WTO က ပြောခဲ့သည်။

“WTO ညွှန်ကြားရေးမှူးချုပ်အဖြစ် WTO အဖွဲ့ဝင်တွေက ရွေးချယ်ခန့်အပ်တဲ့အတွက် ကျွန်မအနေနဲ့ ဂုဏ်ယူပါတယ်။ COVID-19 ကပ်ရောဂါကြောင့် ပျက်စီးယိုယွင်းမှုတွေကနေ အပြည့်အဝ အလျင်အမြန် နာလန်ထူဖို့ဆိုရင် တောင့်တင်းခိုင်မာတဲ့ WTO ဟာ မရှိမဖြစ် အရေးကြီးပါတယ်” ဟု Okonjo-Iweala က အထွေထွေကောင်စီသို့ ပြောကြားခဲ့သည်။

“ကျွန်မတို့ လိုအပ်တဲ့ ကမ္ဘာ့စီးပွားရေး တစ်ဖန်ပြန်လည်ကောင်းမွန်လာစေဖို့ မူဝါဒဆိုင်ရာ တုံ့ပြန်မှုတွေ ပုံဖော်ဖို့နဲ့ အကောင်အထည်ဖော်ဖို့ အဖွဲ့ဝင်တွေနဲ့အတူ ဆောင်ရွက်သွားမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ အဖွဲ့အစည်းက ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ အတူတကွ လုပ်ဆောင်ခြင်းဖြင့် WTO တောင့်တင်းခိုင်မာလာအောင်၊ ဒီကနေ့ အမှန်တကယ်ဖြစ်နေတာတွေကို လျင်လျင်မြန်မြန်နဲ့ ပိုမိုကောင်းမွန်အောင် ညှိနှိုင်းပြင်ဆင်ပြီး စုပေါင်းဆောင်ရွက်နိုင်မှာပါ” ဟု ၎င်းက ပြောခဲ့သည်။

အသက် ၆၆ နှစ်အရွယ် Okonjo-Iweala သည် ကမ္ဘာ့ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ၊ စီးပွားရေးသမားနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုပညာရှင်တစ်ဦးဖြစ်ပြီး ကမ္ဘာတစ်ဝန်း နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိသူလည်း ဖြစ်သည်။

နိုင်ဂျီးရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးအဖြစ် သက်တမ်းနှစ်ကြိမ်၊ ခေတ္တနိုင်ငံခြားဝန်ကြီးဌာနအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Okonjo-Iweala သည် ကမ္ဘာ့ဘဏ်တွင် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ မန်နေဂျင်းဒါရိုက်တာအဖြစ် အပါအဝင် ၂၅ နှစ်ကြာ လုပ်သက်ရှိသူလည်း ဖြစ်သည်။

အထွေထွေကောင်စီ ဥက္ကဋ္ဌ David Walker က Okonjo-Iweala အား “အနွေးထွေးဆုံး ဂုဏ်ယူဝမ်းမြောက်ကြောင်း” နှင့် “ဒါဟာ WTO အတွက် အင်မတန် အရေးပါသော အခိုက်အတန့်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

“အဖွဲ့ဝင်တွေအားလုံးအနေနဲ့ ဒီအဖွဲ့အစည်းရဲ့ အနာဂတ်ကို ပုံဖော်ဖို့ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဆောင်စဉ်အတွင်း အပြုသဘောဆောင်စွာ အလုပ်လုပ်ဆောင်သွားကြမယ်ဆိုတာ အသေအချာပါပဲ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“အဖွဲ့ဝင်တစ်ရပ်လုံးရဲ့ စုပေါင်း ဆုံးဖြတ်ချက်ဟာ ဒေါက်တာ Ngozi ကိုယ်တိုင်ကိုသာမကဘဲ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်၊ မျှော်လင့်ချက်နဲ့ နိုင်ငံစုံပါဝင်သောကုန်သွယ်မှုစနစ်တွေကိုလည်း ဖော်ပြထားတာဖြစ်ပါတယ်” ဟု WTO ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Li Chenggang က “အချိန်ကိုက် ခန့်အပ်မှု” ဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ (Xinhua)

—————————————
(English Version)
WTO welcomes its first female, African chief
Source: Xinhua| 2021-02-16 01:30:08|Editor: huaxia
GENEVA, Feb. 15 (Xinhua) — Members of the World Trade Organization (WTO) on Monday agreed by consensus to appoint Ngozi Okonjo-Iweala, a former finance minister of Nigeria, as the next director-general, said the WTO in a press release.
The decision was made at a special meeting of the WTO’s General Council at which the World Bank veteran was formally selected.
“Dr. Okonjo-Iweala will become the first woman and the first African to head the WTO. She will take up her duties on March 1 and her term, renewable, will expire on Aug. 31, 2025,” WTO said.
“I am honored to have been selected by WTO members as WTO director-general,” said Okonjo-Iweala to the General Council, underlining that “a strong WTO is vital if we are to recover fully and rapidly from the devastation wrought by the COVID-19 pandemic.”
“I look forward to working with members to shape and implement the policy responses we need to get the global economy going again. Our organization faces a great many challenges but working together we can collectively make the WTO stronger, more agile and better adapted to the realities of today,” she said.
Okonjo-Iweala, 66, is a global finance expert, an economist and an international development professional with over 30 years of experience working around the world.
Twice served as Nigeria’s finance minister and briefly acted as foreign minister, she has a 25-year career at the World Bank, including as Managing Director of Operations.
Extending the “warmest congratulations” to Okonjo-Iweala, General Council Chair David Walker said that “this is a very significant moment for the WTO.”
“I am certain that all members will work with you constructively during your tenure as director-general to shape the future of this organization,” he added.
Applauding the “timely” appointment, China’s Ambassador to the WTO Li Chenggang noted that “the collective decision made by the entire membership demonstrates a vote of trust not only in Dr. Ngozi herself, but also in our vision, our expectation and the multilateral trading system.”
File photo taken on July 15, 2020 shows Ngozi Okonjo-Iweala attending a press conference in Geneva, Switzerland. The 164 members of the World Trade Organization (WTO) on Monday agreed to appoint Ngozi Okonjo-Iweala, a former finance minister of Nigeria, as the next director-general, said the WTO in a press release. (WTO/Handout via Xinhua)