မာမူဂျူ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်းရှိ ဒေသများ၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုနှင့် ရေဖုံးလွှမ်းမှုများကြောင့် သေဆုံးသူအရေအတွက်မှာ ၉၆ ဦးအထိ ရှိလာခဲ့ကြောင်း ၊ လူဦးရေ ၇၀,၀၀၀ နီးပါး နေရပ်စွန့်ခွာခဲ့ရပြီး ကယ်ဆယ်ရေးစခန်းများ၌ ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီက ဇန်နဝါရီ...
လိုမေ ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အာဖရိကတိုက်ရှိ ဆင်ဟွာသတင်းဌာနရုံးခွဲများမှ သတင်းထောက်များ ၏ သတင်းစုစည်းဖော်ပြချက် – အာဖရိကတိုက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာ ၏ ဇန်နဝါရီ ၁၈ ရက် ၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အာဖရိကတိုက်၌ COVID-19 ရောဂါ...
မော်စကို၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ယုံကြည်မှုရှိသော ဆက်ဆံရေးတစ်ရပ် ထူထောင်ထားခြင်းဖြစ်ပြီး နှစ်နိုင်ငံအနေဖြင့် ပြည်ပခြိမ်းခြောက်မှုများကို အတူတကွ ဆန့်ကျင်နိုင်စွမ်းရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ် (Sergei Lavrov) က ဇန်နဝါရီ ၁၈ ရက်က...
မနီလာ၊ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက တရုတ်နိုင်ငံ ဇီဝဆေးဝါးထုတ်လုပ်မှုကုမ္ပဏီများမှ တီထွင်ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများသည် ဘေးကင်းလုံခြုံမှုရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပြီး တရုတ်ကာကွယ်ဆေးများဝယ်ယူရန် သူ၏အစိုးရအဖွဲ့ ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကာကွယ်ပြောကြားလိုက်သည်။
ဝါရှင်တန်၊ဇန်နဝါရီ၁၉ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ Capitol လွှတ်တော်အဆောက်အဦမှ များစွာမဝေးကွာလှသော မလှမ်းမကမ်းနေရာတစ်ခုတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့် လွှတ်တော်ဝင်းတစ်ခုလုံးကို ဇန်နဝါရီ ၁၈ ရက်နံနက်ပိုင်းတွင် ပိတ်ဆို့မှု lockdown ချလိုက်ကြောင်း လွှတ်တော်အမတ်များထံပေးပို့သော လွှတ်တော် ရဲတပ်ဖွဲ့၏ ပေးစာတစ်စောင်တွင် ဖော်ပြထားသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗဟိုအမေရိက နိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူ(၈,၀၀၀)နီးပါးသည် ဇန်နဝါရီ ၁၇ ရက်က ဂွါတီမာလာနယ်နိမိတ်တွင် ခြေလျင်ခရီးနှင်၍ မြောက်ဘက် မက္ကဆီကို နယ်စပ်သို့ ဦးတည်လျှောက်လှမ်းလာကြပြီဖြစ်ကြောင်း သိရသည်။ သူတို့သည် မက္ကဆီကိုမှတစ်ဆင့် အမေရိကန်သို့ ဝင်ရောက်နိုင်ရန် မျှော်လင့်နေကြသည်။
မနီလာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဖိလစ်ပိုင်နိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဇန်နဝါရီ ၁၆ ရက်က တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းနှင့်အတူ ကန်ဒေါ်လာ သန်း(၉၄၀) တန်ဖိုး ရှိ သည့် Subic-Clark ရထားလမ်းစီမံကိန်းအား သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ယင်းနေ့ သတင်းများအရ သိရသည်။ အဆိုပါစီမံကိန်းသည်...
ဝါရှင်တန်၊ဇန်နဝါရီ၁၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဝါရှင်တန်ဒီစီမြို့တော်ဝန် Muriel Bower က ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်၏ ကျမ်းသစ္စာကျိန်ဆိုပွဲနီးကပ်လာသည်နှင့်အမျှ မြို့တော်၏ လူနေရပ်ကွက်တွင် ဖြစ်လာနိုင်ခြေရှိသော တိုက်ခိုက်မှုများအတွက် စိုးရိမ်ပူပန်ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
မနီလာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဖိလစ်ပိုင် လေတပ်(PAF)၏ ရဟတ်ယာဉ်တစ်စီးဖြစ်သည့် UH-1 “Huey”သည် ဇန်နဝါရီ ၁၆ ရက်က နိုင်ငံတောင်ပိုင်း Bukidnonပြည်နယ်တွင် ပျက်ကျမှုဖြစ်ပွားခဲ့ရာ ရဟတ်ယာဉ်ပေါ်ပါ လူ(၇)ဦးစလုံး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အင်ဒိုနီးရှားနိုင်ငံအနောက်ဆူလာဝေဆီပြည်နယ်(West Sulawesi) တွင် ဇန်နဝါရီ ၁၅ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၂ အဆင့်ရှိသော ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ၅၆ ဦးအထိ မြင့်တက်သွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ က ယနေ့ ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။