Connect with us

Asia

ဖိလစ်ပိုင်နှင့် တရုတ် ကုမ္ပဏီလုပ်ငန်းအကြား အကြီးစား ရထားလမ်းစီမံကိန်း သဘောတူလက်မှတ်ရေးထိုး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးလျက်ရှိသော Pasig မြစ်ကူးတံတားစီမံကိန်းတည်ဆောက်မှုများအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဖိလစ်ပိုင်နိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဇန်နဝါရီ ၁၆ ရက်က တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းနှင့်အတူ ကန်ဒေါ်လာ သန်း(၉၄၀) တန်ဖိုး ရှိ သည့် Subic-Clark ရထားလမ်းစီမံကိန်းအား သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ယင်းနေ့ သတင်းများအရ သိရသည်။ အဆိုပါစီမံကိန်းသည် ယနေ့အထိ တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံအစိုးရအကြား ပူးပေါင်းဆောင်ရွက်သည့် ငွေကြေးပမာဏပါဝင်မှုအများဆုံး စီမံကိန်းကြီးတစ်ခု ဖြစ်သည်။

Subic-Clark ရထားလမ်းသည် ဖိလစ်ပိုင်နိုင်ငံအစိုးရ၏ “အကြီးစားအထူးတည်ဆောက်မှု အခြေခံအဆောက်အဦတည်ဆောက်ရေးအစီအစဉ်”(“Build, Build, Build” program)၏ flagship အရေးပါဆုံးစီမံကိန်းဖြစ်သလို ဖိလစ်ပိုင် Luzonကျွန်း ရထားလမ်းကွန်ရက်အစီအစဉ်၏ အရေးကြီးအစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ စီမံကိန်၏ တည်နေရာမှာ Luzonကျွန်း အလယ်ပိုင်းတွင်ဖြစ်ပြီး Subic Bay Freeport Zoneနှင့် Clarkအပြည်ပြည်ဆိုင်ရာ လေဆိပ် လမ်းပန်းဆက်သွယ်ရေးအချက်အချာ နှစ်ခုကို ချိတ်ဆက်ပေးမည်ဖြစ်သည့်အပြင် ဖိလစ်ပိုင် မြောက်ပိုင်း ရထားလမ်းနှင့်လည်း ချိတ်ဆက်ပေးမည်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးလျက်ရှိသော Pasig မြစ်ကူးတံတားစီမံကိန်းတည်ဆောက်မှုများအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Subic-Clark ရထားလမ်း၏ စုစုပေါင်းအရှည်သည် (၇၁) ကီလိုမီတာ ခန့်ရှိပြီး ရေရှည်စီမံကိန်းအနေဖြင့် Clarkမြို့သစ်အထိ ထပ်တိုးသွားနိုင်ကြောင်း သိရသည်။ စီမံကိန်းကို အဓိကအားဖြင့် တရုတ်နိုင်ငံ၏ စံချိန်စံညွှန်းများ အသုံးပြု၍ single-track cargo railway ဒီဇိုင်းရေးဆွဲသွားမည်ဖြစ်ရာ ဆောက်လုပ်ရေးကာလမှာ (၄၂)လခန့် ကြာမည်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးလျက်ရှိသော Pasig မြစ်ကူးတံတားစီမံကိန်းတည်ဆောက်မှုများအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စီမံကိန်းတည်ဆောက်ပြီးစီးပါက ဖိလစ်ပိုင် စီးပွားရေး ဗဟိုဇုန်ဒေသ ဆိပ်ကမ်း-ရထားလမ်း- လေကြောင်း လမ်းကြောင်းအသွယ်သွယ်ဖြင့် ချိတ်ဆက် ပို့ဆောင်နိုင်အောင် အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးကို ထိရောက်စွာ မြှင့်တင်နိုင်မည်ဖြစ်ပြီး ကုန်ကျစရိတ်ကို လျှော့ချနိုင်မည်ဖြစ်ရာ ဒေသတစ်လျှောက် စီးပွားရေးဖွံ့ဖြိုးမှုအလားအလာ ပွင့်လန်းလာအောင် အားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ပြောကြားချက်များအရ Subic-Clark ရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံမှ ရင်းနှီးမတည်ပေးမည်ဟု စီစဉ်ထားရာ နောက်တစ်ဆင့်အနေဖြင့် နှစ်နိုင်ငံနှစ်ဖက်အကြား စီမံကိန်း ချေးငွေဆိုင်ရာ သဘောတူစာချုပ်အား ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံအစိုးရသည် ၂၀၁၇ ခုနှစ် ဧပြီလ မှစ၍ “အကြီးစားအထူးတည်ဆောက်မှု အခြေခံအဆောက်အဦတည်ဆောက်ရေးအစီအစဉ်”ကို စတင်ခဲ့ရာ (၆)နှစ်ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ပီဆို (၈.၄)ထရီလီယံ (တရုတ်ယွမ်ငွေ ၁.၁၃ ထရီလီယံ)ကို တစ်နိုင်ငံလုံး အခြေခံအဆောက်အဦတည်ဆောက်ရေးကဏ္ဍတွင် အသုံးပြုသွားမည်ဟု ခန့်မှန်ထားကြောင်း၊ တည်ဆောက်ရေးစီမံကိန်းများတွင် လမ်းတံတား၊ လေဆိပ်၊ ရထားသံလမ်း၊ ဆိပ်ကမ်း၊ ရေဘေး ကာကွယ်ရေးအဆောက်အဦစသည့်ကဏ္ဍများ ပါဝင်ကြောင်း သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းအများစုသည် ဖိလစ်ပိုင်နိုင်ငံ၏ အခြေခံအဆောက်အဦ ဆောက်လုပ်ရေးစီမံကိန်းများ၌ ပါဝင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
—————————————————
(Chinese Version)

(财经)菲律宾与中国企业签署大型铁路项目合同

 新华社马尼拉1月16日电(记者袁梦晨 杨柯)据中国驻菲律宾大使馆16日消息,菲律宾交通部当天与中国企业签署总额约9.4亿美元的苏比克-克拉克铁路项目商务合同,这是迄今为止金额最大的中菲政府间合作项目。
  苏比克-克拉克铁路是菲律宾政府“大建特建”基础设施建设计划的旗舰项目,也是菲吕宋岛铁路网规划的重要组成部分。项目位于吕宋岛中部,连接苏比克湾自由港区与克拉克国际机场两大交通枢纽,并与菲律宾北线铁路衔接。
苏比克-克拉克铁路全长约71公里,远期规划将延伸至克拉克新城。项目主要采用中国标准,将按照单线标准轨距货运铁路设计,建设工期约42个月。项目建成后将实现菲经济核心区域的港口-铁路-航空多式联运,有效提高物流运输效率,降低物流成本,助力沿线地区释放经济发展潜力。
 中国驻菲律宾大使馆表示,苏比克-克拉克铁路项目拟由中方提供融资。下一步,中菲双方将就项目贷款协议进行磋商。
 菲律宾政府于2017年4月推出“大建特建”大规模基础设施投资计划,预计在六年内投资8.4万亿菲律宾比索(约合1.13万亿元人民币)在菲全国进行基础设施建设,建设项目涵盖道路、桥梁、机场、铁路、港口、防洪设施等多个领域。目前有多家中国企业参与菲律宾基础设施建设项目。(完)