ဆော်ပေါ်လို၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘရာဇီးနိုင်ငံ တောင်ပိုင်း အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၁၂ ဦးသည် လိုဏ်ခေါင်းတူးကာ နိုဝင်ဘာ ၁၀ ရက်တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပါရီ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဥရောပတိုက်၏ အကြမ်းဖက်တိုက်ဖျက်ရေးအခြေအနေနှင့်ရင်ဆိုင်ဖြေရှင်းရေးနည်းလမ်းများကို အဓိကထားဆွေးနွေးသည့် ဗွီဒီယိုကွန်ဖရင့်တစ်ခုကို ပြင်သစ် သမ္မတ မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့က နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဝါရှင်တန်၊နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဒီမိုကရက်တစ်ပါတီ ကွန်ဂရက်လွှတ်တော်အမတ်များက စစ်လက်နက်များရောင်းချခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်နေစဉ်အတွင်းမှာပင် F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်များကို အာရပ်စော်ဘွားများပြည်ထောင်စု(UAE) သို့ ရောင်းချပေးသွားရန် နိုဝင်ဘာ ၁၀ ရက်က အတည်ပြုလိုက်ကြောင်းသိရသည်။
ဂျီနီဗာ ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အမျိုးသားလူ့အခွင့်အရေးပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့ ၏ ၃၆ ကြိမ်မြောက် အစည်းအဝေး ကို နိုဝင်ဘာ ၉ ရက် တွင် ဂျီနီဗာ ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် အမေရိကန်နိုင်ငံ ၏ လူ့အခွင့်အရေး အခြေအနေ...
မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး မက္ကဆီကိုနိုင်ငံ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၉ ရက်ထုတ်ပြန်ကြေညာချက်အရ မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်းတွင် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၇ ဦးသေဆုံးကာ လူပေါင်း တစ်သိန်းရှစ်သောင်းကျော် သဘာဝဘေးဒဏ်သင့်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esperအား ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဌာန အကြီးအကဲ Christopher Miller အား ယာယီ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ပေး ခန့်အပ်လိုက်ကြောင်း သမ္မတ ထရမ့်က နိုဝင်ဘာ ၉ ရက်တွင် ကြေညာခဲ့သည်။
တိုကျို၊နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂျပန်နိုင်ငံ Kagawa စီရင်စုရှိ ကြက်မွေးမြူရေးခြံနောက်ထပ်တစ်ခုတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုကြောင့် မွေးမြူထားသည့် ကြက်အကောင်ရေ ၄၈,၀၀၀ ခန့်ကို သုတ်သင်ရှင်းလင်းလိုက်ရကြောင်း Kagawa စီရင်စုက နိုဝင်ဘာ ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ဒီမိုကရက်တစ်ပါတီသမ္မတလောင်းဂျိုးဘိုင်ဒန်သည် ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် လိုအပ်သော အီလက်ထရိုမဲအရေအတွက် ၂၇၀ ထက်ကျော်လွန်၍ ရရှိသွားပြီဖြစ်ရာ ၎င်းသည် ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသူဖြစ်ကြောင်း အမေရိကန်မီဒီယာများစွာက ရေးသားဖော်ပြလိုက်သည်။ (Xinhua)
ဂွာတီမာလာ ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ဂွာတီမာလာနိုင်ငံသမ္မတ အလီဂျန်ထရိုဂီယာမက်တိုင်(Alejandro Giammattei) က အပူပိုင်းမုန်တိုင်း Eta ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုအတွင်း သေဆုံးသူပေါင်း ၁၅၀ ဦးထိရောက်ရှိသွားပြီဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အဓိက အကြိတ်အနယ်ယှဉ်ပြိုင်ရသော ပြည်နယ်တစ်ခုဖြစ်သည့် ပန်ဆယ်လ်ဗေးနီးယားပြည်နယ် မဲရေတွက်မှုတွင် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန်က သမ္မတ ဒေါ်နယ်ထရမ့်ကို ဦးဆောင်နေကြောင်း အမေရိကန် မီဒီယာများစွာက နိုဝင်ဘာ ၆ ရက်...