ကဘူးလ်၊မေ ၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ အနောက်ပိုင်းတွင်တည်ရှိသော စာသင်ကျောင်းတစ်ခု၏ ကျောင်းဝင်အပြင်ဘက်၌ မေ ၈ ရက်က ပေါက်ကွဲမှု သုံးခု ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၂၅ ဦးသေဆုံးကာ အခြား ၅၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြို့တော်ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
နယူးဒေလီ၊ မေ ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်၌ ထုံးကျောက် ကျောက်မိုင်းတစ်ခုအတွင်း မေ ၈ ရက်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး အလုပ်သမား ၁၀ ဦးသေဆုံးနိုင်ကြောင်း တာဝန်ရှိသူများကပြောသည်။
ကဘူးလ်၊ မေ ၈ ရက် (ဆင်ဟွာ) ဒေသခံ တာလီဘန်ခေါင်းဆောင်တစ်ဦးအပါအဝင် တာလီဘန်စစ်သွေးကြွ ၄ ဦး သည် အာဖဂန်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (ANDSF) ၏ Logar ပြည်နယ်အရှေ့ဘက်၌ ထိုးစစ်ဆင်မှုအတွင်း သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက မေ ၈ ရက်တွင် အတည်ပြုခဲ့သည်။
အစ္စလာမ်မာဘတ်၊ မေ ၆ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံအနေဖြင့် စက်မှုနှင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကောင်းမွန်သော လမ်းကွန်ရက်ချိတ်ဆက်မှု ပုံစံအရ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ဒုတိယအဆင့်၏ အကျိုးကျေးဇူးများကို စတင်ရရှိတော့မည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံဆိုင်ရာ CPEC အာဏာပိုင် Asim Saleem Bajwa က ပြောကြားခဲ့သည်။
မွမ်ဘိုင်း၊ မေ ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ဦးဆောင်မော်တော်ကားထုတ်လုပ်သူ Tata Motors သည် မေ ၈ ရက်မှစ၍ ၎င်း၏ ခရီးသည်တင်ယာဉ်စျေးနှုန်းများအား ကွဲပြားခြားနားမှုနှင့် မော်ဒယ်များအလိုက် ပျမ်းမျှ ၁.၈ ရာခိုင်နှုန်း မြှင့်တင်လိုက်ကြောင်း ကုမ္ပဏီက မေ ၇ ရက်က ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး၊ မေ ၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ဗဟိုအမေရိကမှ ရွှေ့ပြောင်းသွားလာသူများအား မြောက်ပိုင်းသို့ရွှေ့ပြောင်းရန် တွန်းအားပေးနေသည့် ကိစ္စရပ်များကို ကိုင်တွယ်ရေး ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူခဲ့ကြကြောင်း မက္ကဆီကို သမ္မတ Andres Manuel Lopez Obrador နှင့် အမေရိကန် ဒုတိယ သမ္မတ...
ခတ္တမန္ဒု ၊ မေ ၈ ရက် (ဆင်ဟွာ) အသက် ၅၁ နှစ်ရှိပြီးသူတစ်ဦးဖြစ်သည့် နီပေါနိုင်ငံသား Sherpa လူမျိုး တောင်တက်လမ်းညွှန် Kami Rita Sherpa က မေလ ၇ ရက်တွင် နီပေါနိုင်ငံဘက်ခြမ်းမှတစ်ဆင့် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် ဧဝရက်တောင်ထိပ်အား ၂၅ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီး...
မာဂီလန်၊ အင်ဒိုနီးရှား၊ မေ ၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျာဗားပြည်နယ်နှင့် ယိုဂျာကာတာပြည်နယ်တို့အား ခွလျက်တည်ရှိနေသော မီရာပီမီးတောင်သည် အင်ဒိုနီးရှားနိုင်ငံရှိ ပေါက်ကွဲမှုအများဆုံးဖြစ်ပွားသည့် မီးတောင်ရှင်များအနက် တစ်ခုဖြစ်ကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ်၊ မေ ၇ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်း San Joaquin ကောင်တီ၊ Clements ရပ်ကွက်ရှိ ဘားပိုင်ရှင်တစ်ဦးသည် COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း ကတ်ပြားအတုများ ရောင်းချမှုအတွက် တရားစွဲဆိုဖမ်းဆီးခံရကြောင်း ကယ်လီဖိုးနီးယား အရက်အဖျော်ယမကာထိန်းချုပ်ရေးဌာန (ABC) က ကြေညာခဲ့သည်။
ဘဂ္ဂဒက်၊ မေ ၇ ရက် (ဆင်ဟွာ) အီရတ်အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး (CTS) အထူးတပ်ဖွဲ့ဝင်များက အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက် အနီးတွင် အစွန်းရောက် အိုင်အက်စ်အဖွဲ့၏ ဒေသခံခေါင်းဆောင် ၃ ဦး အား သတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ်က မေ ၆ ရက် တွင်ပြောသည်။