Connect with us

Europe

ဘရာဇီးနိုင်ငံ တောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၁၂ ဦး လိုဏ်ခေါင်းတူးကာ ထွက်ပြေးလွတ်မြောက်

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ်ရှိ Jardinopolis အကျဉ်းထောင်တွင် အကျဉ်းသားများ တန်းစီလမ်းလျှောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ပေါ်လို၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဘရာဇီးနိုင်ငံ တောင်ပိုင်း အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၁၂ ဦးသည် လိုဏ်ခေါင်းတူးကာ နိုဝင်ဘာ ၁၀ ရက်တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံနှင့် နယ်စပ်ဖြစ်သော Parana ပြည်နယ် Pato Branco မြို့ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသူများအနက် အကျဉ်းသား ၅ ဦးကို ရဲတပ်ဖွဲ့မှ ချက်ချင်းပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း Parana ရဲတပ်ဖွဲ့အဆိုအရ သိရသည်။သြဂုတ် ၁၀ ရက်က အကျဉ်းသား ၁၆ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် Pato Branco အကျဉ်းထောင်၏ မြေအောက်လိုဏ်ခေါင်းတစ်ခုမှတစ်ဆင့် ဒုတိယမြောက် လူအများဆုံးလွတ်မြောက်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ အကျဉ်းသားများသည် ကျန်းမာရေးစင်တာ၏ အဆောက်အအုံတစ်ခုရှိ လိုဏ်ခေါင်းတစ်ခုမှ ထွက်လာသည်ကို လုံခြုံရေးကင်မရာများမှ မှတ်တမ်းတင်မိခဲ့ခြင်းဖြစ်သည်။“သူတို့မှာ လိုဏ်ခေါင်းတူးဖို့ ကိရိယာလိုမျိုး အထောက်အကူတချို့ရှိလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်တယ်” ဟု ရဲတပ်ဖွဲ့ အကြီးအကဲ Guido Benjamin က ပြောကြားခဲ့သည်။ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားများ၏ အချက်အလက်များနှင့် ဓာတ်ပုံများဖြင့် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117