ဒမတ်စကက်စ်၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာ မဟာမိတ်တပ်သည် နိုဝင်ဘာ ၁၇ ရက်က ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အရပ်သား အနည်းဆုံး ၄၀ သေဆုံးခဲ့ကြောင်း SANAသတင်း အေဂျင်စီက ယင်းနေ့တွင်ပြောကြားခဲ့သည်။
လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၁၇ ရက်က တောမီးအကြီးအကျယ်လောင်ကျွမ်းနေသည့် အမေရိကန်နိုင်ငံမြောက်ကယ်လီဖိုးနီးယားပြည်နယ်သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ၊ ၎င်းတောမီးကြောင့် သေဆုံးသူ ၇၆ ဦးထိ မြင့်တက်လာကာ အခြားလူပေါင်း ၁၂ဝဝ ကျော်၏ အခြေအနေကိုလည်း မသိရှိရသေးကြောင်း တာဝန်ရှိသူများက ဆိုသည်။
ကင်မရွန်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ၏ စီးပွားရေးမြို့ ဖြစ်သည့် Douala မြို့၌ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဆီတင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ Village ရပ်ကွက်၏ အဓိကလမ်းမကြီးတစ်လျှောက်ဝင်တိုက်မိရာ အနည်းဆုံး လူ ၇ဦးသေဆုံးခဲ့ကြောင်း ရဲသတင်းရင်းမြစ်များက ဆင်ဟွာသို့ပြောကြားခဲ့သည်။
ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်တို့သည် နိုဝင်ဘာ ၁၇ ရက်က ပို့မော်ရက်စ်ဘီမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှု မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းလာစေရန် နှင့် ကိုရီးယားကျွန်းဆွယ်အရေးနှင့် ပတ်သက်၍ ဆက်သွယ်မှုများ...
ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) နိုဝင်ဘာလ ၁၇ ရက်က ပါပူဝါနယူးဂီနီနိုင်ငံ မြို့တော် ပို့မော်ရက်စ်ဘီမြို့၌ ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) CEO ထိပ်သီးအစည်းအဝေးတွင် သမ္မတရှီကျင့်ဖိန်က “တစ်လှေတည်းစီး တစ်ခရီးတည်းသွားပြီး လှပသည့်အနာဂတ်သစ်ကို ဖန်တီးမည်”ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းစကားပြောကြားခဲ့သည်။ သမ္မတရှီ၏ အဓိကမိန့်ခွန်းထဲတွင်အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု...
မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ Latakia ပြည်နယ် တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုတစ်ခုကြောင့် အနည်းဆုံး ဆီးရီးယား တပ်ဖွဲ့ဝင် ၁၈ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ရုရှားစင်တာ က နိုဝင်ဘာ ၁၇ ရက်တွင်ပြောကြားခဲ့သည်။
ဂျကာတာ ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ အနောက်ဆူလာဝေစီပြည်နယ် မာမာစာ(Mamasa) ခရိုင်၌ ငလျင်လှုပ်ခတ်မှုများ နှင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံးပြီး အခြားလူ ၈,ဝဝဝ ကျော်မှာ ယာယီခိုလှုံရေးစခန်းများတွင် သွားရောက် နေထိုင်နေရကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၇...
လော့စ်အိန်ဂျယ်လိစ် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း Camp တောမီးလောင်ကျွမ်းရာနေရာတွင် ကယ်ဆယ်ရေးသမားများသည် သေဆုံးသူအလောင်း ၈ ခုကို နိုဝင်ဘာ ၁၆ ရက်တွင် ထပ်မံတွေ့ရှိရ ကြောင်း ၊ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ဦးရေ ၇၁ ဦး အထိ...
ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် နိုင်ငံတကာ သွင်းကုန်ပြပွဲအားလည်းကောင်း၊ လာမည့်ဧပြီလတွင် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်အားလည်းကောင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။
ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ကမ္ဘာ့အခင်းအကျင်းက နက်နဲသိမ်မွေ့သော ပြောင်းလဲမှုများရှိနေသည့်ကြားမှ လူသားမျိုးနွယ်မှာ အလှည့်အပြောင်းကာလသို့ရောက်ရှိနေပြီး အတိမ်းအစောင်းမခံနိုင်သော ရွေးချယ်မှုများနှင့် ရင်ဆိုင်နေရကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာလ ၁၇ ရက်တွင် ပြောကြားလိုက်သည်။