ကွမ်တုန်း၊ ဟောင်ကောင်နှင့် မကာအိုတစ်ဝန်းတွင် တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၉ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး စည်းလုံးညီညွတ်သော ဒေသတစ်ခုအဖြစ် တရုတ်နိုင်ငံ၏ ပထမတန်းစားအဆင့် အားကစားနည်းပေါင်းစုံကိုပြိုင်ပွဲကို ပထမဆုံးအကြိမ် သမိုင်းဝင်ကျင်းပမည့် မဟာပင်လယ်အော်ဧရိယာလည်း ဖြစ်သည်။ (Xinhua) …………………………………….....
တရုတ်နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်က ပီရူးနိုင်ငံအား အကျိုးဖြစ်ထွန်းစေခဲ့ကာ ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် (BRI) မူဘောင်အောက်ရှိ ချန်ကေးဆိပ်ကမ်း စီမံကိန်းသည်လည်း အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာတစ်ရပ်ဖြစ်သည်ဟု ပီရူး-တရုတ် ကုန်သည်ကြီးများအသင်း၏ အထွေထွေမန်နေဂျာ Jorge Chain က ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/YGh...
၇ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ကုန်စည်နှင့် ဝန်ဆောင်မှုများ တစ်နှစ်တာဝယ်ယူရေးအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ တန်ဖိုးရှိသော ပဏာမသဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ ထိုပမာဏသည် ယမန်နှစ်ပြပွဲကထက် ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/YHi...
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ပြုလုပ်လျက်ရှိသော ၇ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ကမ္ဘာတစ်ဝန်းမှ ထုတ်ကုန်အသစ်များ၊ နည်းပညာများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ စုစုပေါင်း ၄၀၀ ကျော် ပါဝင်ပြသလျက်ရှိသည်။ အဆိုပါ CIIE ပြပွဲအတွင်း ခင်းကျင်းပြသထားသော စိတ်ဝင်စားဖွယ်ရာ ထုတ်ကုန်အသစ်များကို စုစည်းဖော်ပြအပ်ပါသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင်...
တရုတ်နိုင်ငံ ချန်ရှားမြို့တွင် ဒုတိယအကြိမ်မြောက် အမျိုးသား လမ်းဘေးအကချန်ပီယံရှစ်ပြိုင်ပွဲ (2nd National Street Dance Championship) ကို နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့ရာ အဖွဲ့ပေါင်း ၁၃၂ ဖွဲ့မှ အကသမား ၁,၂၀၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲတွင် ရှန်ဟိုင်းအဖွဲ့နှင့် ကွမ်တုန်းမှ Yang...