ပေကျင်း၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၅၇ ခု၏ ထိပ်တန်းကုန်သွယ်ဖက် သုံးနိုင်ငံထဲတွင် ပါဝင်နေသည်ဟု တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်ဦးစီးဌာန (GAC) အကြီးအကဲဖြစ်သူ စွန်းမေကျွင်းက ဩဂုတ် ၂၅ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်၌...
ချိန်တယ်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟဲပေပြည်နယ် ချိန်တယ်မြို့ လွန်ဖိန်ခရိုင်ရှိ ကျင်းဆန်းလျင် မဟာတံတိုင်းကြီးတွင် ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းက တိမ်ပင်လယ်မြင်ကွင်း ဖြစ်ပေါ်ခဲ့သည်။ တစ်လိမ့်လိမ့်ရွေ့လျားနေသည့် တိမ်ပင်လယ်နှင့် မဟာတံတိုင်းကြီး၊ တောင်တန်းအသွယ်သွယ်သည် အပြန်အလှန်ပေါင်းစည်းကာ ပန်းချီကားပမာ ခမ်းနားလှပပေသည်။ (Xinhua) ——————–...
ပဲရစ်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂနှင့် အမေရိကန်သည် နှစ်ဖက်အကြား ဇူလိုင်လတွင် ရရှိထားသော ကုန်သွယ်ရေးသဘောတူညီချက်၏ အသေးစိတ် အကြောင်းအရာများအား မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။ သဘောတူညီချက်သည် ဥရောပသမဂ္ဂနှင့် အမေရိကန်၏ ကုန်သွယ်ရေးတင်းမာမှုအခြေအနေကို တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးပြီး အတိုင်းအတာတစ်ခုရှိသည့် “တည်ငြိမ်မှု” ကို ဆောင်ကြဉ်းပေးသော်လည်း ဥရောပ...
ကွာလာလမ်ပူ၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်ရုပ်ရှင် “Dead to Rights” ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဩဂုတ် ၂၄ ရက်က ပထမဆုံး ပြသခြင်းအခမ်းအနားကျင်းပခဲ့သည်။ နန်ကျင်းလူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံမှု သမိုင်းကြောင်းကို နောက်ခံထား၍ ရိုက်ကူးထားသော ဤရုပ်ရှင်သည် ပရိသတ်များ၏ နှလုံးသားကို နက်နက်ရှိုင်းရှိုင်းထိမိစေခဲ့သည်။...
ဟူးလွန်ပေ့အယ် (အတွင်းမွန်ဂိုလီးယားဒေသ)၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ ဟူးလွန်ပေ့အယ်မြို့ အားရုံချီ လျို့ဟယ်မြို့နယ်၌ မထင်မရှား တောင်ကုန်းလေးတစ်ခုရှိသည်။ ဒေသတွင်း ရွာသူ၊ ရွာသားများကမူ အဆိုပါတောင်ကုန်းလေးကို စိတ်အားတက်ကြွစေသော နာမည် “တပ်နီကုန်း” ဟု အမည်ပေးထားသည်။ ၁၉၄၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ...