ရွင့်ချိန် (ဆန်းရှီး)၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဆောင်းရာသီတွင် နိုင်ငံပထမအဆင့်ကာကွယ်စောင့်ရှောက်ထားသော ဖလာမင်ဂိုငှက်များ တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် ရွင့်ချိန်မြို့ ဆားကန် စိမ့်မြေသို့ လာရောက်၍ ဆောင်းခိုကြရာ ၎င်းတို့၏ အစာရှာစားခြင်း၊ ဆော့ကစားခြင်း၊ ပျံသန်းခြင်းတို့က ဆားကန်၏ လှပသော ရှုခင်းတစ်ခုဖြစ်လာသည်။ ယခုနှစ်များအတွင်း ရွင့်ချိန်မြို့သည် ဆားများလျှော့ချ၍...
ပို့သ်ဗီလာ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) တရုတ်အစိုးရမှ ကူညီထောက်ပံ့သော အရေးပေါ်ကယ်ဆယ်ရေးအထောက်အကူပစ္စည်းများသည် ဇန်နဝါရီ ၂ ရက်တွင် ဗနွားတူနိုင်ငံ ပို့သ်ဗီလာမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ဗနွားတူနိုင်ငံဆိုင်ရာ တရုတ်သံအမတ် လီမင်ကန်းနှင့် ဗနွားတူနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် Charlot Salwai တို့ ကယ်ဆယ်ရေးအထောက်အကူပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း...
ကိုင်ရို ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွား ဝင်ရောက်မှုပမာဏသည် အကြိမ်ရေ ၁၅.၇ သန်းကျော်ခဲ့ပြီး သမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း အီဂျစ်နိုင်ငံဝန်ကြီးချုပ် Mostafa Madbouly က ဇန်နဝါရီလ ၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါကိန်းဂဏန်းသည် စိတ်အားတက်ဖွယ်ဖြစ်စေကြောင်း...
ဟူစတန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်၊ နယူးအော်လင်းမြို့တွင် ဒီဇင်ဘာ ၁ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော “ရည်ရွယ်ချက်ရှိရှိ” လူအုပ်ကြီးကို ကားဖြင့် ဝင်တိုက်ခြင်းကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရ တရားဝင်သတင်းအချက်အလက်အရ သိရသည်။ ပစ်ခတ်ရှင်းလင်းခံခဲ့ရသော သံသယတရားခံမှာ...
လွန်ခဲ့သောနှစ်ပေါင်း ၂ ဘီလီယံခန့်က တည်ရှိခဲ့သည့် ဒိုင်နမို သံလိုက်စက်ကွင်းမှာ အားလျော့သွားသော်လည်း လကမ္ဘာပေါ်တွင် ယနေ့ထက်တိုင် ဆက်လက်တည်ရှိနေသည်ကို တရုတ်နိုင်ငံ၏ Chang’e-5 မစ်ရှင်၌ စုဆောင်းရယူခဲ့သော နမူနာများအား သရုပ်ခွဲလေ့လာမှု အသစ်တစ်ရပ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ လ၏ သံလိုက်စက်ကွင်း ဆင့်ကဲပြောင်းလဲလာပုံ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပြင်းအားတို့ကို နားလည်သိရှိခြင်းက ထိုသံလိုက်စက်ကွင်း၏...