ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) အရှေ့အာရှ၏ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု အဆင့်မြှင့်တင်ခြင်းနှင့် ပြည်သူ့ကျန်းမာရေး၊ စွမ်းအင်၊ အစားအသောက်နှင့် ငွေကြေးမျက်နှာစာများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ပြီး စိန်ခေါ်မှုများကို ပူးတွဲတုန့်ပြန်ရန်အတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က အောက်တိုဘာ ၂၇ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
ဝူဟန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ၁၇ကြိမ်မြောက် တရုတ်ပြဇာတ်ပွဲတော်ကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲပေပြည်နယ် မြို့တော် ဝူဟန်တွင် အောက်တိုဘာ ၂၇ ရက်က ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
ကျန်းကျိုး ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၌ ကနဦးခန့်မှန်းခြေ ရွှေ ၃၁ ဒသမ ၅၅ တန် ထွက်ရှိမည့် ကြီးမားသည့် ရွှေတွင်းတစ်တွင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
လန်ဒန် ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) Times Higher Education(THE)က အောက်တိုဘာ ၂၇ ရက်တွင် နောက်ဆုံးထုတ်ပြန်လိုက်သော ၂၀၂၁ ခုနှစ် ကမ္ဘာ့ဂုဏ်သတင်းကျော်စောမှုအမြင့်ဆုံး ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်းတွင် တရုတ်နိုင်ငံပြည်မကြီးမှ တက္ကသိုလ် ၇ ခု ပါဝင်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ် ၄၄ မြို့နယ်ကို မိမိအိမ်တွင် နေထိုင်ရေး Stay at home အစီအစဉ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့(အောက်တိုဘာ ၂၇ ရက်)ထုတ်ပြန်ချက်အရ သိရသည်။ COVID-19ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိမှု လျော့နည်းလာခြင်း၊ အတည်ပြုလူနာများမှလည်း...