Connect with us

COVID-19 UPDATES

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ် ၄၄ ခုကို Stay at home အစီအစဉ်မှ ပယ်ဖျက်

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ် ၄၄ မြို့နယ်ကို Stay at home အစီအစဉ်မှ ပယ်ဖျက်သော ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ-ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ် ၄၄ မြို့နယ်ကို မိမိအိမ်တွင် နေထိုင်ရေး Stay at home အစီအစဉ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့(အောက်တိုဘာ ၂၇ ရက်)ထုတ်ပြန်ချက်အရ သိရသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ် ၄၄ မြို့နယ်ကို Stay at home အစီအစဉ်မှ ပယ်ဖျက်သော ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ-ကျန်းမာရေးဝန်ကြီးဌာန)

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ် ၄၄ မြို့နယ်ကို Stay at home အစီအစဉ်မှ ပယ်ဖျက်သော ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ-ကျန်းမာရေးဝန်ကြီးဌာန)

COVID-19ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိမှု လျော့နည်းလာခြင်း၊ အတည်ပြုလူနာများမှလည်း တစ်ဦးမှတစ်ဦး အစုလိုက်ကူးစက်မှုလျော့နည်းလာခြင်းများကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ် ၄၄ မြို့နယ်ကို အောက်တိုဘာ ၂၈ ရက် နံနက် (၄)နာရီမှစပြီး မိမိအိမ်တွင် နေထိုင်ရေး Stay at home အစီအစဉ်မှ အကျူံးဝင်ခြင်းအား ပယ်ဖျက်လိုက်ကြောင်း သိရသည်။

အဆိုပါ Stay at home ပယ်ဖျက်မှုတွင် ရန်ကုန်တိုင်းဒေသကြီးရှိ တိုက်ကြီး၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊အင်းစိန်၊တာမွေ၊တောင်ဥက္ကလာပ ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ရန်ကင်း၊သာကေတ၊သင်္ဃန်းကျွန်း၊ ခရမ်း၊ကမာရွတ်၊ကြည်မြင်တိုင်၊ ဗဟန်း၊ မရမ်းကုန်းနှင့် လှိုင်မြို့နယ်တို့ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ဘိုကလေးနှင့် ဟင်္သာတမြို့နယ်တို့ကိုလည်းကောင်း၊ မွန်ပြည်နယ်ရှိ သထုံမြို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ ချမ်းမြသာစည်၊ချမ်းအေးသာဇံ၊ပြည်ကြီးတံခွန်၊မဟာအောင်မြေ၊ အောင်မြေသာစံ၊ပုသိမ်ကြီး၊ အမရပူရ၊ ပျော်ဘွယ်၊မြင်းခြံနှင့် ရမည်းသင်းမြို့များကိုလည်းကောင်း၊မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့ကိုလည်းကောင်း၊ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူ၊ကျောက်တံတား၊ညောင်လေးပင်၊ဝေါ၊မင်းလှ၊လက်ပံတန်း၊သာယာဝတီနှင့် အုတ်ဖိုမြို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဟုမ္မလင်းမြို့ကိုလည်းကောင်း၊ချင်းပြည်နယ် ထွန်းဇံမြို့ကိုလည်းကောင်း အသီးသီးပယ်ဖျက်လိုက်ကြောင်း သိရသည်။ (Xinhua)