ပေကျင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်ကြက်ခြေနီအသင်း (RCSC) သည် ၎င်းတို့၏ ကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် မာလဝီကြက်ခြေနီအသင်းနှင့် မိုဇမ်ဘစ်ကြက်ခြေနီအသင်းတို့အား အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငွေကြေးအကူအညီများ ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း RCSC မှ ပြောကြားခဲ့သည်။ RCSC သည် ပြင်းထန်သောအပူပိုင်းဆိုင်ကလုန်းမုန်တိုင်း...
ထျန်းကျင်း ၊ မတ် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ၅၀ မီတာရှည်သည့် သံမဏိရထားသံလမ်း တန်ချိန် ၆,၅၀၀ ရှိသော ပထမအသုတ်သည် တရုတ်နိုင်ငံ ထျန်းကျန်းဆိပ်ကမ်းမှ ဆားဘီးယားနိုင်ငံသို့ မတ် ၂၁ ရက်တွင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ယင်းမှာ ၅၀ မီတာအရှည်ရှိသည့် သံမဏိရထားသံလမ်းများအား...
အစ္စလာမ်မာဘတ်/ကဘူးလ်၊ မတ် ၂၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Badakhshanပြည်နယ်တွင် မတ် ၂၁ ရက် ညပိုင်းက လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် လက်ရှိ အာဖဂန်နစ္စတန်နှင့် ၎င်း၏အိမ်နီးချင်းနိုင်ငံဖြစ်သော ပါကစ္စတန်တို့တွင် လူပေါင်း ၁၁ ဦး သေဆုံးပြီး ၆၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အမေရိကန်...
ရှုံအန်း၊ မတ် ၂၃ ရက် (ဆင်ဟွာ) မောင်းသူမဲ့ခရီးသည်တင်ဘတ်စ်ကားတွင် လေဆာရေဒါ၊ မီလီမီတာလှိုင်းရေဒါနှင့် HD ကင်မရာများ အပါအဝင် တိကျမှုမြင့်မားသော အာရုံခံစနစ်များ တပ်ဆင်ထားပြီး အချိန်စက္ကန့်၏ ဆယ်ပုံတစ်ပုံအတွင်း ယာဉ်မောင်းနှင်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသည်။ ထို့ပြင် ၎င်းဘတ်စ်ကားသည် ရာသီဥတုအခြေအနေဆိုးဝါးမှုများနှင့် ရှုပ်ထွေးသော ယာဉ်ကြောအခြေအနေများတွင်လည်း နိုင်နင်းစွာထိန်းချုပ်မောင်းနှင်နိုင်စွမ်းရှိကြောင်း သိရသည်။ (Xinhua)...
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ယခင်နှစ်ကတင်ပို့မှု၏ နှစ်ဆဖြစ်သော ကော်ဖီတန်ချိန် ၁၀,၀၀၀ အထိ တင်ပို့ရန် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။ မြန်မာနိုင်ငံက ၂၀၂၂ ခုနှစ် ကော်ဖီတန်ချိန် ၅,၀၀၀ နီးပါး တင်ပို့ခဲ့ကြောင်း...