တိုကျို၊ ဇွန် ၃ ရက် (ဆင်ဟွာ) ရက်ပေါင်း ၅၀ အတွင်း ကျင်းပတော့မည့် တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် အားကစားပွဲများ ကျင်းပရန် နီးကပ်လာချိန်တွင် စေတနာ့ဝန်ထမ်း ၈၀,၀၀၀ အနက် ၁၀,၀၀၀ ခန့် နုတ်ထွက်သွားခဲ့ကြောင်း ဇွန် ၂ ရက်တွင် ထုတ်ပြန်ထားသည့် သတင်းများအရ သိရသည်။
နယူးဒေလီ ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ဧပြီလမှ မေလအထိ COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းကာလအတွင်း ဆရာဝန် ၅၉၄ ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယဆေးဘက်ဆိုင်ရာအသင်း(IMA)က ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၃ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ မီဒီယာ ပူးပေါင်းဆောင်ရွက်မှု ဖိုရိမ်ကို ဇွန်လ ၂ ရက်၌ မြေပြင် နှင့် အွန်လိုင်း ပူးပေါင်းဆောင်ရွက်သည့် ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ဖိုရမ်တက်ရောက်ခဲ့ကြသောသူများက တရုတ် နှင့် အာဆီယံနိုင်များမှ မီဒီယာများသည်...
လန်ဒန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ) Times Higher Education (THE)၏ အာရှတက္ကသိုလ်အဆင့်သတ်မှတ်ချက် ၂၀၂၁ ခုနှစ်စာရင်းကို ဇွန် ၂ ရက်က ထုတ်ပြန်ခဲ့ရာတွင် တရုတ်နိုင်ငံပြည်မကြီးမှ တက္ကသိုလ်များသည် ထိပ်ဆုံး နေရာနှစ်ခုအတွက် နှစ်နှစ်ဆက်တိုက် ဦးဆောင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
တီဟီရန်၊ ဇွန် ၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ မြို့တော် တီဟီရန် တောင်ဘက်ရှိ ရေနံချက်စက်ရုံတွင် ဇွန် ၂ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။