ဘဲလ်ဂရိတ်၊ မေ ၃၁ ရက်(ဆင်ဟွာ) ဟန်ဂေရီ-ဆားဘီးယား ရထားလမ်းစီမံကိန်းသည် ဆားဘီးယားနိုင်ငံအတွက် အထူးအရေးပါကြောင်း ၎င်းမှာ ရထားလမ်းတစ်လျှောက်ဒေသရှိ ပြည်သူများ၏ လူမှုဘဝ အဆင့်အတန်းနှင့် ဒေသန္တရစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်လိမ့်မည်ဖြစ်ကြောင်း ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic က ယင်းတည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်လေ့လာကြည့်ရှုစဉ် မေ ၃၀ ရက်တွင်...
ရန်ကုန်၊ မေ ၃၁ ရက်(ဆင်ဟွာ) မြန်မာ့တပ်မတော်၏ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက်“မြန်မာ–တရုတ် ချစ်ကြည်ရင်းနှီးစွာဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့အစည်း(Myanmar-China Friendly Contact Organization)”၊ မြန်မာချစ်ကြည်ရေးကုမ္ပဏီနှင့် Chinese Documentary Media Industry Group (CDMIG)ကုမ္ပဏီတို့သည် မေ ၂၉ ရက်က နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ “COVID-19 ရောဂါစစ်ဆေးရေးပစ္စည်းများ” ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေအမေရိကန် ဒေါ်လာသန်း ၄၀၀ ကျော် ထောက်ပံ့မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း မေ ၃၀ရက်က ကျပ်သိန်းပေါင်း ၁၉ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။