Connect with us

Economy

နောက်ဆုံးအတည်ပြုစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ၂၀၁၉ ခုနှစ် GDP တိုးတက်မှုနှုန်းကို ၆ ရာခိုင်နှုန်းဖြစ်ကြောင်း ထုတ်ပြန်

#တရုတ် နိုင်ငံ ၏ ၂၀၁၉ ခုနှစ် #ပြည်တွင်ကုန်ထုတ်လုပ်မှုတန်ဖိုး #GDP က ယွမ်ငွေ ၉၈.၆၅၁၅ ထရီလီယံဖြစ်ကြောင်း ထုတ်ပြန် #ဆင်ဟွာ

ပေကျင်း ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တရုတ်နိုင်ငံအမျိုးသားစာရင်းစစ်ချုပ်ရုံး ၏ ဒီဇင်ဘာ ၃၀ ရက်တွင် နောက်ဆုံး အတည်ပြုစစ်ဆေးမှုများ အရ ၂၀၁၉ ခုနှစ် တရုတ်နိုင်ငံ ၏ ပြည်တွင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) မှာ တရုတ်ယွမ်ငွေ ၉၈.၆၅၁၅ ထရီလီယံ ဖြစ်ပြီ ကနဦးတွက်ချက်မှုထက် ယွမ်ငွေ ၄၃၅ ဘီလီယံ လျော့ကျခဲ့ကြောင်း ၊ ဈေးနှုန်းပြောင်းလဲမှုမရှိသည့် တွက်ချက်မှု အရဆိုပါက ယခင်နှစ်ထက် GDP သည် ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကနီးဦး တွက်ချက်မှုထက် ဝ.၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ GDP အတည်ပြုစစ်ဆေးမှု နှင့် စာရင်းအချက်အလက် ထုတ်ပြန်ကြေညာခြင်းဆိုင်ရာ သတ်မှတ်ချက်အရ နှစ်စဉ် GDP အတည်ပြုစစ်ဆေးမှုတွင် ကနဦး အတည်ပြုစစ်ဆေးမှု နှင့် နောက်ဆုံး အတည်ပြု စစ်ဆေးမှု ဟူ၍ လုပ်ငန်းစဉ် နှစ်ရပ်ရှိကြောင်း ၊ တရုတ်နိုင်ငံ အမျိုးသား စာရင်းစစ်ချုပ်ရုံး က နှစ်ပတ်လည်အစီရင်ခံစာ ၊ ဘဏ္ဍာရေးဝန်ကြီးဌာန နှစ်ချုပ်အစီရင်ခံစာ နှင့် သက်ဆိုင်ရာ ဌာနများ၏ ဘဏ္ဍာရေး အချက်အလက်များအရ အမျိုးသား စာရင်းစစ်ချုပ်ရုံး အနေဖြင့် ၂၀၁၉ ခုနှစ် GDP ကိန်းဂဏန်းကို နောက်ဆုံးအတည်ပြုချက် ပြုလုပ်ကြောင်း သိရသည်။

သတင်းအချက်အလက်များအရ တရုတ်နိုင်ငံ တွင် နှစ်စဉ် GDP နောက်ဆုံးအတည်ပြုစစ်ဆေးမှု ကို ဇန်နဝါရီ ၂၀ ရက် မတိုင်မီ အပြီးဆောင်ရွက်ရမည်ဖြစ်ပြီး နှစ်စဉ် GDP နောက်ဆုံးအတည်ပြုစစ်ဆေးမှုသည်လည်း လာမည့်နှစ် ၏ ဇန်နဝါရီလ ပတ်ဝန်ကျင်း အချိန်အခါ တွင် ပြီးစီးအောင်ဆောင်ရွက်လေ့ရှိကြောင်း ၊ နှစ်စဉ် GDP ကနေဦးအတည်ပြုစစ်ဆေးမှု က အချိန်ကာလ အနေအထားပေါ် အခြေခံသည့် အချက်အလက်များကလည်း လစဉ် အချက်အလက် နှင့် ရာသီအလိုက် အချက်အလက်များသာ ဖြစ်ကြောင်း ၊ ထို့နောက်တွင် အခြေခံ အချက်အလက်များ အဆက်မပြတ် တိုးများလာခြင်း ၊ အထူးသဖြင့် နှစ်စဉ်ဘဏ္ဍာရေးစာရင်းအချက်အလက်များ စာရင်းပေးပို့လာသည်နှင့်အမျှ နိုင်ငံအသီးသီး တွင် အသုံးပြုနေသည့် လုပ်ထုံးလုပ်နည်း နှင့် အခြေအနေ နှင့် အချိန်အခါပေါ်မူတည်၍ ဘက်စုံခိုင်လုံမှု ရှိသော အခြေခံစာရင်းအချက်အလက်များအပေါ် မူတည်ကာ GDP ကိန်းဂဏန်းအပေါ် ပြောင်းလဲမှု ဆောင်ရွက်ကြောင်း သိရသည်။ (Xinhua)

—————————————–
(Chinese Version)

(经济)最终核实后2019年我国GDP增长6%

  新华社北京12月30日电(记者陈炜伟)国家统计局30日发布数据,经最终核实,2019年,国内生产总值现价总量为986515亿元,比初步核算数减少了4350亿元;按不变价格计算,比上年增长6%,比初步核算数下降0.1个百分点。
  按照我国GDP核算和数据发布制度规定,年度GDP核算包括初步核算和最终核实两个步骤。近日,根据国家统计局统计年报、财政部财政决算和有关部门年度财务资料等,国家统计局对2019年GDP数据进行了最终核实。
据了解,年度GDP初步核算在次年1月20日之前完成,年度GDP最终核实一般在隔年1月份左右完成。年度GDP初步核算数时效性很强,所依据的基础资料都是月度资料和季度资料。之后,随着基础资料不断增加,特别是年度财务资料陆续报送,按照各国的通行做法,应当根据更加全面、可靠的基础资料适时修订GDP数据。(完)

Photo
新华社照片,唐山(河北),2020年7月16日
中国经济二季度同比增长3.2%
这是7月16日拍摄的唐山港京唐港区集装箱码头。
国家统计局16日发布数据,初步核算,上半年国内生产总值456614亿元,按可比价格计算,同比下降1.6%。分季度看,一季度同比下降6.8%,二季度增长3.2%。
新华社记者 杨世尧 摄