ဒမတ်စ်ကပ်စ် ၊ မတ် ၂ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့လယ်ခေါင်ရှိ ဈေးဝယ်စင်တာကြီးတစ်ခု၌ မတ် ၁ ရက် နံနက်အစောပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး အခြား ခုနှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
မော်စကို၊ မတ် ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ရှင်းလင်းပြတ်သားသော အောင်မြင်မျိုး ရရှိခဲ့ခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၈ ရက်က ဘီလာရုဇ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် ဆွေးနွေးညှိနှိုင်းမှုများကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအကျပ်အတည်းအား ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အထောက်အကူဖြစ်စေသည့် သံတမန်ရေးရာကြိုးပမ်းမှုများအားလုံးကို အမြဲတမ်း ထောက်ခံအားပေးကြောင်း နှင့် ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ခြင်းအား ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက...
ပေကျင်း၊ မတ် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ သိပ္ပံပညာကဏ္ဍ ထိပ်တန်းတိုးတက်မှု ၁၀ ခုကို တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့် နည်းပညာ သုတေသနစင်တာ(အခြေခံသုတေသန စီမံခန်ခွဲမှုစင်တာ)က ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ရသည့် ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ၏ အခြေခံသုတေသန သိပ္ပံပညာ တိုးတက်တက်မှုကို...
ကုလသမဂ္ဂ၊ မတ် ၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ၏ တရုတ်နိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်ဖြစ်သူ Zhang Jun က ယူကရိန်းနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရာတွင် နိုင်ငံရေးနှင့်ဆက်နွယ်မှုမလုပ်ရန် ဖေဖော်ဝါရီ ၂၈ ရက်တွင် သတိပေးပြောကြားခဲ့သည်။ “ယူကရိန်းမှာဖြစ်ပွားနေတဲ့အခြေအနေဟာ အမှန်တကယ်ကို စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါတယ်၊ တရုတ်နိုင်ငံဘက်က လည်း သက်ဆိုင်သူအားလုံးကို သည်းခံကြဖို့၊...