Connect with us

Europe

ရုရှားနှင့် ယူကရိန်းကြား ရှင်းလင်းသောအောင်မြင်မှုမျိုးမရရှိဘဲ ပထမအကြိမ်ဆွေးနွေးမှု အဆုံးသတ်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ရှင်းလင်းပြောကြားနေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တွေ့ရစဉ်(Photo from the Foreign Ministry website)

မော်စကို၊ မတ် ၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ရှင်းလင်းပြတ်သားသော အောင်မြင်မျိုး ရရှိခဲ့ခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၈ ရက်က ဘီလာရုဇ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် ဆွေးနွေးညှိနှိုင်းမှုများကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။ဆွေးနွေးမှုများမှာ ဧကန်အမှန်အပြုသဘောဆောင်သည်ဟု လေ့လာသူများက ဆိုသော်ငြားလည်း ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းမှာများစွာ ရှုပ်ထွေးခဲ့ကြောင်း သိရသည်။

အောင်မြင်မှုမရှိ

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံမှ ကိုယ်စားလှယ်များသည် အချိန်ကြာကြာစောင့်ဆိုင်းခဲ့ရသော ဆွေးနွေးညှိနှိုင်းမှုများအား ဘီလာရုဇ်နိုင်ငံ ဂိုမဲလ်ဒေသတွင် အချိန်လေးနာရီကြာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရုရှားကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် သမ္မတလက်ထောက် ဗလာတီမာ မတ်ဒင်စကီး (Vladimir Medinsky) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၌ အခြားသူများနှင့်အတူ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများမှ ကိုယ်စားလှယ်များပါဝင်ခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ရှင်းလင်းပြောကြားနေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တွေ့ရစဉ်(Photo from the Foreign Ministry website)

ယူကရိန်းနိုင်ငံဘက်ခြမ်းတွင်မူ ကာကွယ်ရေးဝန်ကြီး Olexiy Reznikov နှင့် နိုင်ငံခြားရေးဝန်ကြီး ဒုတိယအကြီးအကဲအပြင် အခြားသူများလည်း ပါဝင်ကြောင်း သိရသည်။

ညှိနှိုင်းဆွေးနွေးမှုများမစတင်မီ ရုရှားနိုင်ငံမှ ကိုယ်စားလှယ်များက ငြိမ်းချမ်းရေး ရရှိနိုင်မည့် အဓိကရည်ရွယ်ချက်အား ပြောကြားခဲ့သည်။

ဘီလာရုဇ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Vladimir Makei က ဆွေးနွေးပွဲသို့ လာရောက်သူများအား ကြိုဆိုခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်အတွင်း ဘေးကင်းမှုအတွက် အာမခံခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ရှင်းလင်းပြောကြားနေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တွေ့ရစဉ်(Photo from the Foreign Ministry website)

ဆွေးနွေးညှိနှိုင်းမှုများပြီးနောက် ရုရှား ကိုယ်စားလှယ်အဖွဲ့အကြီးအကဲ မတ်ဒင်စကီး က လာမည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မကြာမီရက်များ၌ ဘီလာရုဇ်-ပိုလန် နယ်စပ်တွင် ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

ကိုယ်စားလှယ်တစ်ဦးစီတိုင်းသည် နောက်အကြိမ်ဆွေးနွေးညှိနှိုင်းမှုများအတွက် ပြင်ဆင်ရန် ညှိနှိုင်းဆွေးနွေးမှု အခြေအနေအားလုံးထပ်မံဆွေးနွေးရန် ၎င်းတို့၏ မြို့တော်အသီးသီးသို့ ပြန်သွားပြီဖြစ်ကြောင်း မတ်ဒင်စကီးက ဆိုသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ရှင်းလင်းပြောကြားနေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တွေ့ရစဉ်(Photo from the Foreign Ministry website)

“ကျနော်တို့ နှစ်ဖက်ကြားမှာ ဘုံသဘောတူညီချက် တွေ ရရှိမယ်လို့ ခန့်မှန်းနိုင်တဲ့ အချို့သောအကြောင်းအရာတွေကို အသေးစိတ် ရှာဖွေတွေ့ရှိခဲ့ပါတယ် “” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

တင်းမာမှုများ အရှိန်မြင့်တက်နေခြင်း

ဆွေးနွေးမှုများ ပြုလုပ်နေစဉ်တွင်ပင် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်သည် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) နှင့် တယ်လီဖုန်းမှတစ်ဆင့်ဆက်သွယ်ပြောကြားခဲ့ပြီး ရုရှား၏ လုံခြုံရေးစိုးရိမ်မှုများကို ဆောင်ရွက်ပေးမှသာလျှင် အခြေကျမှုမှာ ဖြစ်လာမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

“ခရိုင်းမီးယားကို ရုရှားရဲ့အချုပ်အခြာအာဏာပိုင်” အဖြစ်အသိအမှတ်ပြုရန်အပြင် ယူကရိန်း၏ ဘက်မလိုက်ကြားနေရပ်တည်ချက်များကိစ္စရပ် နှင့် ယူကရိန်းနိုင်ငံ၏ “စစ်မက်ကင်းမဲ့ရေး” နှင့် “နာဇီဝါဒဖယ်ရှားရေး” အဖြေရှားရန် နိုင်ငံ၏ ကတိကဝတ်ကို ဖော်ဆောင်ရန်အရေးကြီးကြောင်း ပူတင်က ဆိုသည်။

ရုရှားနိုင်ငံ၏ စစ်ဆင်ရေးတိုးလာခြင်းကြောင့် ယူကရိန်းစစ်ဘက်ဆိုင်ရာ အဆောက်အအုံ ၁,၁၁၄ ခု ထိခိုက်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Igor Konashenkov ပြောကြားချက်အရ သိရသည်။

ရုရှားနိုင်ငံ၏ နျူကလီးယားဟန့်တားရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်သော ဝန်ထမ်းများနှင့်အတူ တိုက်ခိုက်ရေးတာဝန်ကို စတင်လျက်ရှိကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပူတင်အား ဖေဖော်ဝါရီ ၂၈ ရက်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် မော်စကိုအနေဖြင့် အနောက်နိုင်ငံများမှ မကြာသေးမီက သတ်မှတ်ခဲ့သော ကန့်သတ်ချက်များအား တုန့်ပြန်ရေး ဆောင်ရွက်ချက်များ ပိုမိုလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ရုရှားလေကြောင်းလိုင်းများအား ဥရောပနိုင်ငံများမှ တားမြစ်ခြင်းများအား တုန့်ပြန်မှုအဖြစ် နိုင်ငံ ၃၆ နိုင်ငံမှ လေကြောင်းလိုင်းများ၏ ပျံသန်းမှုများအပေါ် ကန့်သတ်ချက်ထုတ်ပြန်ခဲ့ကြောင်း လေကြောင်းအာဏာပိုင်များအရ သိရသည်။

ထိုအခြေအနေများက ရုရှားနိုင်ငံ၏ စီးပွားရေးအပေါ်လည်း သက်ရောက်မှုရှိခဲ့သည်။ အဓိက အတိုးနှုန်းထားကို ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ တစ်နှစ်လျှင် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ကြောင်း ကြေညာလျက် “ရုရှား စီးပွားရေးအတွက် ပြင်ပအခြေအနေတွေက အကြီးအကျယ်ပြောင်းလဲစေခဲ့ကြောင်း” ရုရှားနိုင်ငံ ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁ ရက်၌ ပြောကြားခဲ့သည်။

ရှုပ်ထွေးလှသော ညှိနှိုင်းဆွေးနွေးမှု

ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အလေးထားလျက် ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။

“ဆွေးနွေးပွဲတွေက ဧကန်အမှန်ကို အပြုသဘောဆောင်ပါတယ်” ဟု ရုရှားနိုင်ငံ သမ္မတအောက်ရှိ လူမျိုးစုချင်းဆက်ဆံရေးကောင်စီ အဖွဲ့ဝင် Bogdan Bezpalko က ဆင်ဟွာသတင်းဌာနနှင့် ဖေဖော်ဝါရီ ၂၈ ရက် တွေ့ဆုံမေးမြန်းရာ၌ ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် သံတမန်နည်းလမ်းမှတစ်ဆင့် ပြဿနာများကို အဖြေရှာရန် အသင့်ရှိသည်ကို ပြသလျက်ရှိကြောင်း အဆိုပါ ကျွမ်းကျင်သူက ဆိုသည်။

လက်ရှိဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်က တော်တော်လေးရှုပ်ထွေးဖွယ်ရှိကြောင်း ရုရှားနိုင်ငံ မဟာဗျူဟာမြောက် စီမံကိန်းနှင့် ခန့်မှန်းခြေတွက်ချက်မှုအင်စတီကျု ညွှန်ကြားရေးမှူး Alexander Gusev က ချင့်ချိန်ပြောကြားခဲ့သည်။

“ယူကရိန်းမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေက တော်တော်လေးကို ရှုပ်ထွေးနေပါတယ်။ ဒါကြောင့် ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ် ရောက်ရှိလာချိန်မှာ ရည်မှန်းထားတဲ့ပန်းတိုင်တွေကို ချမှတ်ဖို့ ရှင်းရှင်းလင်းလင်းမဖြစ်ကြတော့တာပါ” ဟု Gusev က ဆင်ဟွာသို့ ပြောခဲ့သည်။

“တစ်ဖက်မှာလည်း ဆွေးနွေးမှုတွေက နှစ်ဖက်လုံးမှာ ညှိနှိုင်းဆွေးနွေးမှုအတွက် အသင့်ရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ ဘုံမြေပြင်ကို သူတို့တွေ့ရှိထားတယ်။ ပြီးတော့ ဆွေးနွေးညှိနှိုင်းမှုကတော့ ဆက်သွားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကအစပဲရှိသေးတယ်လေ” ဟု ၎င်းက ဆိုသည်။ (Xinhua)

…………………………………………

World Insights: Russia, Ukraine conclude first-round talks without clear breakthrough

by Xinhua writer Yuan Xinfang
MOSCOW, March 1 (Xinhua) — Russia and Ukraine concluded on Monday their first round of negotiations in Belarus with no clear breakthrough.
The talks are certainly a positive signal, observed analysts, but the negotiation process would be rather complicated.

NO BREAKTHROUGH

The long-awaited negotiations between delegations from Russia and Ukraine was held in the Gomel region in Belarus and lasted for five hours.

Headed by presidential aide Vladimir Medinsky, Moscow’s delegation was formed by representatives from the defense and foreign ministries, among others.

Ukrainian Defense Minister Olexiy Reznikov and the deputy head of the ministry of foreign affairs were among the participants from the Ukrainian side.

Before the negotiations, representatives from the Russian side said a key aim would be to achieve peace.

Belarusian Foreign Minister Vladimir Makei welcomed the participants and assured safety during the negotiation process.

After the consultations, Medinsky, head of the Russian delegation, said that the next round of peace talks would take place on the Belarusian-Polish border in the coming days.

Medinsky also said that each one of the delegations would now head back to their capitals to further discuss all negotiation positions to prepare for the next round of negotiations.

“We have found some issues on which we can predict there would be common positions,” the official said, adding that all negotiation positions were discussed in detail during the talks.

HEIGHTENED TENSIONS

While the talks were going on, Russian President Vladimir Putin held a telephone call with French President Emmanuel Macron, reiterating that a settlement would only be possible if Russia’s security concerns were taken into account.

Putin said it was important to recognize “Russia’s sovereignty over Crimea,” as well as the country’s commitment to solving the tasks of Ukraine’s “demilitarization” and “denazification”, and the issue of Ukraine’s neutral status.

As for developments of Russia’s military operation, the country’s armed forces have hit 1,114 Ukrainian military infrastructure objects, according to Russian Defense Ministry spokesman Igor Konashenkov.

Russian Defense Minister Sergei Shoigu informed Putin earlier on Monday that the country’s nuclear deterrence forces have begun combat duty with reinforced staff.
Meanwhile, Moscow has taken more retaliatory measures in response to recent restrictions imposed by the West.

As a response to the ban of European states on Russian air carriers, a restriction has been introduced on the operation of flights by air carriers from 36 countries, according to aviation authorities.

The country’s economy has also been impacted. Russia’s Central Bank said Monday that “external conditions for the Russian economy have drastically changed,” announcing the decision to increase the key rate to 20 percent per annum from Feb. 28.

COMPLICATED NEGOTIATION

The world is closely following developments with regards to the peace talks.
“The talks are certainly a positive signal,” Bogdan Bezpalko, a member of the Council for Interethnic Relations under the President of the Russian Federation, said in an interview with Xinhua on Monday.

According to the expert, Russia has shown that it is ready to solve problems through diplomacy.

Alexander Gusev, director of Russia’s Institute for Strategic Planning and Forecasting, considered the current negotiation process to be rather complicated.
“The situation that is currently developing in Ukraine is quite complicated, so it’s simply impossible to set ambitious goals when it comes to the negotiation process,” Gusev told Xinhua.

“On the other hand, the talks have shown that both sides are ready for dialogue, they have found common ground… and I am convinced that the negotiation process will continue, this is just the beginning,” he said. ■

Photo 1 : Photo shows a view of the talks between the Ukrainian and Russian delegations held in the Gomel region in Belarus on Feb. 28, 2022. (Belta news agency via Xinhua)

Photo 2 : Photo provided by Belarusian Foreign Ministry shows the prepared room for the talks between Russia and Ukraine. (Belarusian Foreign Ministry/Handout via Xinhua)
Photo 3 : Photo taken on Feb. 25, 2022 shows the main building of Bank of Russia in Moscow, Russia. (Xinhua/Evgeny Sinitsyn)

Photo 4 : Photo taken on Feb. 28, 2022 shows the Pripyat River near the site where the Ukrainian and Russian delegations hold talks, in the Gomel region in Belarus. (Photo by Henadz Zhinkov/Xinhua)

——————————
(English Version)

China welcomes Ukraine-Russia negotiations, hopes for continuation: spokesperson
BEIJING, March 1 (Xinhua) — China has always supported and encouraged all diplomatic efforts that are conducive to the peaceful settlement of the Ukraine crisis, and welcomes the launch of peace talks between Russia and Ukraine, a foreign ministry spokesperson said Tuesday.

Spokesperson Wang Wenbin made the remarks at a daily press briefing in response to the negotiations between delegations from Russia and Ukraine held in the Gomel region of Belarus on Monday.

“We have noted that the two sides have agreed to hold a new round of negotiations in the near future,” Wang said.

China hopes that the two sides will continue the process of dialogue and negotiation and seek a political solution that accommodates reasonable security concerns of both sides, serves common security of Europe and is conducive to lasting peace and stability in Europe, Wang added. Enditem

Photo – Wang Wenbin speaks at a regular press conference of China’s Foreign Ministry on Dec. 15, 2020. (Photo from the Foreign Ministry website)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.