ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာ ၉ ရက်အထိ ကြိုတင်မဲပေးရန် စာရင်းပေးထားသူ ၁၄,၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးတင်မောင်အေးက ဆင်ဟွာသို့ အောက်တိုဘာ ၁၀ ရက်တွင်ပြောသည်။
ချုံချင့်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ တောင်တန်းများတွင် ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာက လေ့ကျင့်ရေးများ ပြင်းပြင်းထန်ထန် ပြုလုပ်နေသည်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖြစ်ပါသည်။ အဆိုပါ လေ့ကျင့်ရေးများ ပြုလုပ်စဉ် တပ်သားများသည် အလေးချိန် ၃၀ ကီလိုဂရမ်ကို သယ်ဆောင်လျက် ခက်ခဲသော လေ့ကျင့်ခန်းများကို...
QAMDO ၊ တိဗက်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Qamdo စီရင်စုနယ် ငြိမ်းချမ်းစွာလွတ်လပ်မှုရရှိခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၉ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) YBS စီးနင်းသူလျော့ကျနေသည့်အချိန်တွင် YBS ယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခပိုမိုတောင်းခံမှုများရှိလာပါက ၎င်းယာဉ်လိုင်း၏ ကျူးလွန်မှုပေါ်မူတည်၍ ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဆင်ဟွာသို့ အောက်တိုဘာ ၁၀ ရက်တွင်တွင်ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ ၄၀,၀၀၀ ကျော်အား COVID-19 ရောဂါပိုးရှိ/မရှိ Swab ယူစစ်ဆေးပေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။