Connect with us

Videos

ဧရာမ ပင်းသွန်းသွန်းက ပေကျင်း၂၀၂၂ အားကစားပွဲအတွက် အစိမ်းရောင်စွမ်းအင် ထုတ်လုပ်ပေးရန် ကူညီ

ဟာပင်း ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

အလေးချိန် ၁၆၅ တန် ရှိသည့် ဧရာမ ပင်းသွန်းသွန်းအရုပ်ကြီးက ၂၀၂၂ ပေကျင်း အိုလံပစ်ပွဲအတွက် သဘာ၀အရင်းအမြစ်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်ရန် ကူညီဖို့ အဆင်သင့်ဖြစ်နေပါပြီ။

အလေးချိန် ၁၆၅ တန်ရှိသည့် ဧရာမ ပင်းသွန်းသွန်း အရုပ်ကြီးကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဟေးလုံကျန်း ပြည်နယ်၊ ဟာပင်း လျှပ်စစ်စက်ယန္တရား ကုမ္ပဏီက ပြုလုပ်ဖန်တီးခဲ့သည်။

၆.၆ မီတာကျော် အကျယ်ရှိသည့် ပင်းသွန်းသွန်း အရုပ်သည် လုံးဝန်းသည့် ဘောလ်ဗား (ball valve) ပုံသဏ္ဍာန်ရှိပြီး ၎င်းကို ပေကျင်း ‌ဆောင်းရာသီ အိုလံပစ်ပွဲအတွက် အစိမ်းရောင်လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံမြောက်ပိုင်း၊ ဟဲပေပြည်နယ်ရှိ Fengning နယ်မြေရှိ စွမ်းအင်သိုလှောင်ပို့လွှတ်စက်ရုံတွင် တပ်ဆင်သွားမည်ဖြစ်သည်။

၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ တရားဝင်လာဘ်ကောင်အရုပ်‌ ဖြစ်သော ပင်းသွန်းသွန်းသည် လက်ရှိကျင်းပနေဆဲ အားကစားပြိုင်ပွဲကာလအတွင်း တရုတ်နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်အားလုံးတွင် ပစ္စည်းပြတ်လပ်သွားသည်အထိ ရောင်း‌အား ကောင်းခဲ့သည့် အရုပ်အဖြစ် ထင်ရှားကျော်ကြားလာခဲ့သည်။ (Xinhua)

…………………………..

GLOBALink | Giant “Bing Dwen Dwen” to help generate green energy for Beijing 2022

A giant “Bing Dwen Dwen” that weighs 165 tons has been made by Harbin Electric Machinery Company in northeast China’s Heilongjiang Province.

The “Bing Dwen Dwen,” over 6.6 meters wide, is a ball valve to be installed at Fengning pumped storage power station in north China’s Hebei Province to provide green electricity for Beijing Winter Olympics.

Bing Dwen Dwen, the official mascot of Beijing 2022 Olympic Winter Games, has become a smash hit during the ongoing Games as figurines of the mascot are sold out of stores all over China.

Produced by Xinhua Global Service