Connect with us

မြန်မာ-中文

အမေရိကန်သို့သွားရောက်ရန် ယူအေအီးတွင် စောင့်ဆိုင်းနေသော အာဖဂန်နစ္စတန်ပြည်သူများက အမေရိကန်မှ တစ်စုံတစ်ရာ လုပ်ဆောင်မှုမရှိသောကြောင့် ဒေါသထွက်

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်တွင် ပြင်ပထွက်ခွာရန်ကြိုးပမ်းနေသည့် လူထုအား ၂၀၂၁ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

အာဖဂန်တာလီဘန်တို့က ယခင်နှစ် သြဂုတ်တွင် မြို့တော် ကဘူးလ်ကို ထိန်းချုပ်ပြီးနောက် အမေရိကန် စစ်တပ်က အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ အလျင်အမြန် ဆုတ်ခွာခဲ့ရာ ယခင်က အမေရိကန်နိုင်ငံအတွက် အလုပ်လုပ်ပေးခဲ့သည့် အာဖဂန်နိုင်ငံသားအချို့မှာ အမေရိကန်နှင့်အတူလိုက်ပါသွားခဲ့ကြပြီး အမေရိကန်က ၎င်းတို့ကို တတိယနိုင်ငံတွင် ယာယီနေရာချထားခဲ့ကြောင်း သိရသည်။ ၆ လ တာကာလအတွင်း အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ယာယီနေထိုင်သော အာဖဂန်နိုင်ငံသားတို့က အမေရိကန်သို့သွားရောက်အခြေချနေထိုင်မှုနှင့် ပတ်သက်၍ တစ်စုံတရာ တိုးတက်မှုမရှိသောကြောင့် ယခုရက်ပိုင်းများတွင် ဆန္ဒပြလှုပ်ရှားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။အမေရိကန်သို့သွားရောက်ရန် လျှောက်ထားသော အာဖဂန်နိုင်ငံသားများ၏ လျှောက်လွှာကို စိစစ်အတည်ပြုရန် လုပ်ငန်းစဉ်သည် နှစ်ပေါင်းများစွာ ကြာရှည်နိုင်ကြောင်းနှင့် ၎င်းတို့အနက် အများစုမှာ အမေရိကန်သို့သွားရောက်ရန် အခွင့်အလမ်းနည်းပါးကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူက တုန့်ပြန်ပြောကြားခဲ့သည်။

ယူအေအီးနိုင်ငံ မြို့တော် အဘူဒါဘီရှိ ပြန်လည်နေရာချထားရေးစင်တာတွင် နေထိုင်သည့် အာဖဂန်နိုင်ငံသား နှစ်ဦးက ဆန္ဒပြပွဲသည် ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ခဲ့ကြောင်းနှင့် လက်ရှိဆန္ဒပြပွဲတွင် ပါဝင်သူများ ဆက်လက်တိုးလာကြောင်း ဖေဖော်ဝါရီ ၁၁ ရက်က သတင်းထောက်များအား ပြောကြားခဲ့သည်။ ဆိုရှယ်မီဒီယာရှိ ဗီဒီယိုအချို့တွင် အာဖဂန်နိုင်ငံသား အများအပြားက ၎င်းတို့အား အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်ရန် တောင်းဆိုကြောင်း ကြွေးကြော်နေသည်ကို မြင်တွေ့နိုင်သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်တွင် ပြင်ပထွက်ခွာရန်ကြိုးပမ်းနေသည့် လူထုအား ၂၀၂၁ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွ)

ဆန္ဒပြရခြင်းအကြောင်းရင်းမှာ ၎င်းတို့သည် အမေရိကန်သို့သွားရောက်အခြေချနေထိုင်နိုင်သည့် သတင်းအချက်အလက် တစ်စုံတစ်ရာမျှ မရရှိသည့်အပြင် ၎င်းတို့ လက်ရှိနေထိုင်ရာ ပြန်လည်နေရာချထားရေးစခန်းတွင် ထိန်းချုပ်မှုအလွန်တင်းကျပ်ပြီး အကျဉ်းထောင်ကဲ့သို့ပင်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ ယင်းဆန္ဒပြမှုအပေါ် ယူအေအီးအစိုးရမှ တုန့်ပြန်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်တွင် ပြင်ပထွက်ခွာရန်ကြိုးပမ်းနေသည့် လူထုအား ၂၀၂၁ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွ)

အမေရိကန်အစိုးရက ယူအေအီးသို့ ဆန္ဒပြသူများနှင့် တွေ့ဆုံရန် တာဝန်ရှိသူများ စေလွှတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ယူအေအီးရှိ အမေရိကန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြန်လည်နေရာချထားရေးစင်တာသို့ သွားရောက်ကာ အာဖဂန်နိုင်ငံသားများနှင့်တွေ့ဆုံခဲ့ပြီး ၎င်းတို့အား အမေရိကန်သို့သွားရောက်ရန် တိကျသော အချိန်ဇယားမရှိကြောင်းနှင့် ၎င်းတို့အနက်အများစုကို အမေရိကန်နိုင်ငံမှ လက်ခံမည်မဟုတ်ဟုပြောကြားခဲ့ကြောင်း အာဖဂန်နိုင်ငံသားတစ်ဦးက ဆိုသည်။

ယူအေအီးတွင် ယာယီနေရာချထားသည့် အာဖဂန်နိုင်ငံသား မည်မျှရှိသည်ကို တိတိကျကျ မသိရသေးကြောင်း၊ ယူအေအီးအစိုးရမှ ယခင်နှစ် စက်တင်ဘာထုတ်ပြန်သည့် အချက်အလက်များအရ အာဖဂန်နိုင်ငံသား ၉၀၀၀ ခန့်သည် ဤပင်လယ်ကွေ့နိုင်ငံသို့ ဆုတ်ခွာခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူအရေအတွက်အရ အာဖဂန်နိုင်ငံသား ၁၂,၀၀၀ ခန့်သည် အဘူဒါဘီရှိ ပြန်လည်နေရာချထားရေးစခန်းနှစ်ခုတွင် ယာယီအခြေချထားကြောင်း ခန့်မှန်းရသည်။

အဆိုပါ အာဖဂန်နိုင်ငံသားအချို့သည် ယခင်က အမေရိကန်အတွက် တာဝန်ထမ်းဆောင်ခဲ့ကြပြီး အချို့မှာ အာဖဂန်အစိုးရစစ်တပ်များအတွက် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြောင်း၊ ၎င်းတို့အနက် အများစုမှာ အမေရိကန် သို့မဟုတ် တတိယနိုင်ငံသို့ သွားရောက်ရန် နည်းလမ်းမရှိကြောင်း ရိုက်တာသတင်းဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်အစိုးရသည် အမေရိကန်ဗီဇာကိုင်ဆောင်ထားသူ သို့မဟုတ် အမေရိကန်သို့ဝင်ရောက်ရန် ဗီဇာလျှောက်ထားသူများကို အမေရိကန်သို့ သွားရောက်ရန် ဦးစားပေးမည်ဟု ဆိုသည်။ သို့သော် သတင်းအချက်အလက်များအရ ၎င်းအာဖဂန်နိုင်ငံသား အများစုသည် အထက်ဖော်ပြထားသည့် လိုအပ်ချက်များ အပြည့်အစုံမရှိကြောင်း သိရသည်။

အာဖဂန်နိုင်ငံသား အများစုက အမေရိကန်၏ တုန့်ပြန်မှုကို မကျေမနပ်ဖြစ်ကာ ဆက်လက် ဆန္ဒပြသွားမည်ဟု ပြောကြားခဲ့ပြီး အာဖဂန်နိုင်ငံသား အနည်းစုမှာ အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လိုသော ဆန္ဒရှိကြောင်း ထုတ်ဖော်ခဲ့ကြသည်။

အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်စစ်တပ် အကြမ်းဖက်မှုဆန့်ကျင်ရေးအကြံပေးအရာဟောင်း Ahmed Muhibi သည် ယခင်က အာဖဂန်နိုင်ငံသားများ ဆုတ်ခွာရန် ကူညီပေးခဲ့ပြီး အာဖဂန်နိုင်ငံသားများအတွက် ပြည့်စုံကောင်းမွန်အောင် နေရာချထားခြင်း မရှိမှုအပေါ် “အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေဟာ လုံးဝပွင့်လင်းမြင်သာမှုမရှိဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။(Xinhua)

……………………………………………………………………………………
(Chinese Version))

美国“过河拆桥” 在阿联酋苦等的阿富汗人怒了

2022-02-13 09:58:43 分类: 社会
新华社北京2月13日电 阿富汗塔利班去年8月控制首都喀布尔后,美军仓促撤离。一些曾为美方工作的阿富汗人随美军撤出,被临时安置在第三国。半年时间过去,被安置在阿拉伯联合酋长国的阿富汗人仍未得到任何赴美定居进展的消息,连日来举行抗议活动。

美国政府官员回应说,这些阿富汗人赴美申请的处理程序可能需要长达数年时间,其中大多数人基本没有可能前往美国。

两名住在阿联酋首都阿布扎比安置中心的阿富汗人11日告诉媒体记者,抗议9日开始,连日来参与人数不断增加。社交媒体上一些视频显示,不少阿富汗人高喊口号,要求美国接收他们。
这些阿富汗人告诉媒体记者,抗议起因是他们长期得不到赴美定居的任何消息,并且所在的安置中心管控严格,居住条件“像监狱一样”。阿联酋政府尚未对抗议作出回应。

美国国务院一名发言人11日证实,被安置在阿联酋的阿富汗人举行了抗议活动,美国政府已派遣官员与他们见面。

一名阿富汗人说,美国驻阿联酋大使馆一名官员10日前往安置中心与阿富汗人见面,告知赴美“没有明确时间表”,并且其中大部分人基本没有可能被美国接收。

尚不清楚有多少阿富汗人被临时安置在阿联酋。根据阿联酋政府去年9月的数据,大约9000名阿富汗人撤到这一海湾国家。而根据抗议者估算,共有大约1.2万名阿富汗人住在阿布扎比两处安置中心。

路透社报道,这些阿富汗人中,有些曾为美方服务,有些曾为阿富汗政府军工作。许多人根本没有门路前往美国或第三国。

美国政府声称将优先批准其中持有美国签证或已提出签证申请的人赴美。但按消息人士的说法,这些阿富汗人大多数不具备上述条件。

不少阿富汗人不满美方回应,发誓继续抗议。一小部分人则提出希望返回阿富汗。
驻阿美军前反恐顾问艾哈迈德•穆希比曾帮助阿富汗人撤离,他对美方未能妥善安置这些人感到愤慨:“这毫无透明度可言。”(张旌)

图说1-这是2021年8月16日,大量民众聚集在阿富汗喀布尔机场试图离开阿富汗。(新华社发)
图说2-这是2021年8月16日,大量民众聚集在阿富汗喀布尔机场试图离开阿富汗。(新华社发)
图说3- 这张美国中央司令部提供的照片显示,8月30日,驻阿富汗美军指挥官克里斯•多纳休随最后一架C-17军用运输机撤离喀布尔。(新华社发,美国中央司令部供图)