ရောမ ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ စီးပွားရေးသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အလုပ်အကိုင်အခွင့်အလမ်း ၁ သန်းနီးပါး ဆုံးရှုံးခဲ့ကြောင်း နိုင်ငံ၏ အမျိုးသားအဆင့် စာရင်းအင်းဌာန(ISTAT) က ဧပြီ ၆ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Frederickမြို့ရှိ Fort Detrickစစ်အခြေစိုက်စခန်းအနီးတွင် ဧပြီ ၆ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ(၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ လက်ရှိတာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ဦးသည် စစ်အခြေစိုက်စခန်းသို့ ဝင်ရောက်ရန် ကြိုးပမ်းချိန်တွင် သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
ဘဲလ်ဂရိတ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ဆာဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic သည် ဧပြီ ၆ ရက်က နိုင်ငံ အရှေ့ပိုင်း Majdanpek မြို့တွင် COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်မှုအသစ် ၁၁၅,၇၃၆ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်အချက်အလက်အရ သိရသည်။
တီဟီရန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ပင်လယ်နီအတွင်း အီရန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး သင်္ဘော ပေါက်ကွဲမှု ဖြစ်ပွားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၇ ရက်တွင် အတည်ပြုခဲ့သည်ဟု အီရန်ကျောင်းသားများ သတင်းအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။