Connect with us

North America

အမေရိကန်နိုင်ငံ စစ်အခြေစိုက်စခန်းတစ်ခုအနီး သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ သံသယ တရားခံ သေနတ်မှန်သေဆုံး

- အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Frederickမြို့ရှိ Fort Detrickစစ်အခြေစိုက်စခန်းအနီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Frederickမြို့ရှိ Fort Detrickစစ်အခြေစိုက်စခန်းအနီးတွင် ဧပြီ ၆ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ(၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ လက်ရှိတာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ဦးသည် စစ်အခြေစိုက်စခန်းသို့ ဝင်ရောက်ရန် ကြိုးပမ်းချိန်တွင် သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Frederickမြို့ရှိ Fort Detrickစစ်အခြေစိုက်စခန်းအနီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာတွင် သတိပေးစည်းမျဉ်းများ တားထားသည်ကို ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Fort Detrick စစ်အခြေစိုက်စခန်းမှ ကားဖြင့် ၁၀ မိနစ်ကြာသွားရသော သိပ္ပံနည်းပညာဥယျာဉ်ဇုန်တွင် ဧပြီ ၆ ရက် နံနက် ၈ နာရီခန့်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ယင်းဒေသ ရဲတပ်ဖွဲ့က ဆိုသည်။အချင်းဖြစ်ပွားမှုနှင့်ပတ်သက်သည့် သံသယရှိသူတစ်ဦးသည် ကားဖြင့် စစ်အခြေစိုက်စခန်းကို သွားခဲ့ရာ အဝင်ဝတွင် ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း သိရသည်။ အချင်းဖြစ်ပွားမှုတွင် ဒဏ်ရာရသူ အမျိုးသား (၂)ဦးကို ရဟတ်ယာဉ်ဖြင့် Baltimoreမြို့ကို ပို့ဆောင်ခဲ့ရာ လက်ရှိ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ အသက် (၃၈)နှစ်အရွယ် အမေရိကန် ရေတပ်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော စစ်သားသည် လက်ရှိတွင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————-
(Chinese Version)

(新华简讯)美国一军事基地附近发生枪击事件 嫌疑人被击毙

 新华社华盛顿4月6日电位于美国马里兰州弗雷德里克市的德特里克堡军事基地附近6日发生枪击事件,造成两人重伤。一名身为现役军人的嫌疑人随后在进入基地时被击毙。
当地警方说,距德特里克堡基地约10分钟车程的一个科技园6日上午8时许发生枪击事件。嫌疑人随后驾车前往该基地,在门口被基地人员开枪打死。
两名受伤男子被直升机送往巴尔的摩市,目前生命垂危。美国海军当天在社交媒体上说,38岁的嫌疑人是美国海军医院现役军人,现已死亡。(完)

图说1:4月6日,在美国马里兰州弗雷德里克市的德特里克堡军事基地附近,一名警察站在枪击事件现场附近。

图说2:4月6日,美国马里兰州弗雷德里克市德特里克堡军事基地附近的枪击事件现场拉起了警戒线。