ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မေ ၂၉ ရက်၌ စိတ်ကြွဆေးပြား ၇၈,၀၀၀ ပြားပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
မက္ကစီကို စီးတီး၊ မေ ၃၀ ရက်(ဆင်ဟွာ) မက္ကစီကိုနိုင်ငံ အရှေ့ပိုင်း Veracruzပြည်နယ် အဝေးပြေးလမ်းမပေါ်တွင် မေ ၂၉ ရက်၌ လယ်ထွန်စက်နောက်တွဲယာဉ်နှင့် ခရီးသည်ယာဉ်တစ်စီး ပြင်းထန်စွာတိုက်မိမှုကြောင့် လူ ၂၁ ဦးသေဆုံး ခဲ့ကြောင်း ဒေသလူထုအခြေပြု ကာကွယ်စောင့်ရှောက်ရေးသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ စကားဝါလမ်းတွင် ပြုလုပ်သော ပဲခူးကလပ်အား (၃၀)ခုမြောက် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ မေ ၃၀ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံ တောင်ပိုင်း ဇဘူးလ်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ညတွင်းချင်း အထူးစစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့ရာ တာလီဘန်အကျဉ်းထောင်တစ်ခုမှ အရပ်သား ၁၆ ဦးနှင့် စစ်သား ၁၂ ဦးအား လွှတ်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နေပြည်တော်၊ မေ ၃၀ ရက်(ဆင်ဟွာ) ချင်းပြည်နယ် ပလက်၀ မြို့နယ်တွင် အသေးစား စက်မှုလုပ်ငန်း (SMEs) များ ပါဝင်သည့် စက်မှုဇုန် တစ်ခု တည်ထောင်ရန် စီစဉ်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေး၌ဖြေကြားခဲ့သည်။