ကဘူးလ်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ် အီရန်နှင့်ထိစပ်နေသည့် အစ္စလာမ်မာဗတ်နယ်စပ်ဂိတ်တွင် ဖေဖော်ဝါရီ ၁၃ ရက်က လောင်စာဆီတင်ကား ဒါဇင်နှင့်ချီ၍ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း Tolo သတင်းရုပ်သံ၏ ဖေဖော်ဝါရီ ၁၄ ရက် သတင်းများအရ သိရသည်။
တီဟီရန်၊ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ စစ်တပ်က အကွာအဝေး ကီလိုမီတာ ၃၀၀ အထိ ရောက်ရှိနိုင်သည့် စမတ်ဒုံးကျည်သစ် တစ်မျိုးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ် မြေပြင်တပ်ဖွဲ့မှူးကြီး Kiomars Heidari က ဆိုသည်။ မြေပြင်တပ်ဖွဲ့ ဒုံးကျည်ဌာနစိပ်များမှ အလွန်တိကျပြီး...
ပေကျင်း၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) COVID-19 ရောဂါဖြစ်ပွားစေသော အကြောင်းအချင်းအရာများနှင့် ကိုက်ညီမှုတစ်ခုဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသော လင်းနို့အုပ်စုငယ် တစ်ခုကို ထိုင်းနိုင်ငံအရှေ့ပိုင်းတွင် လေ့လာမှုအသစ်တစ်ရပ်အရ တွေ့ရှိခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ဒိုဟာ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်သည် အရှေ့အလယ်ပိုင်းဒေသများတွင် ပြန့်ပွားနေဆဲဖြစ်သည်။ ဖေဖော်ဝါရီ ၁၃ ရက်က အီရတ်တွင် ညမထွက်ရအမိန့် ကျင့်သုံးရန် နောက်ထပ်တစ်ကြိမ် ကြေညာခဲ့ကြောင်းနှင့် လက်ဘနွန်၊ အစ္စရေးစသည့် နိုင်ငံများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ဆက်လက်တွန်းအားပေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ကွာလာလမ်ပူ၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)မလေးရှားနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှုအသစ် ၃,၄၉၉ ဦးရှိခဲ့ရာ နိုင်ငံတစ်ဝှမ်း စုစုပေါင်း အတည်ပြုလူနာ ၂၆၁,၈၀၅ ဦးထိရောက်ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။