ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) ၂၀၂၀ အိုလံပစ်၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ဂ)ပွဲစဉ်များ ၏ပထမနေ့ ပွဲ တွင် မြန်မာအသင်းက ၅-၀ ဂိုးဖြင့် ဘင်္ဂလားဒေ့ရှ်အသင်းကို အနိုင်ရခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရှန်ဟိုင်း၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှန်ဟိုင်းတွင် နိုဝင်ဘာလ ၅ ရက်နေ့မှ နိုဝင်ဘာ လ ၁ဝ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် ပထမဆုံး တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲတွင် ကမ္ဘာပေါ်တွင် နံမည်ကျော်ကြားလူကြိုက်များသည့် အစားအသောက်များကို တစ်နေရာတည်းတွင် မြည်းစမ်းနိုင်မည့်အခွင့်အရေးကိုလည်းရရှိမည်ဖြစ်သည်။ မိမိတို့ကြိုက်နှစ်သက်သည့်အစားအသောက်များကို ရွေးချယ်ဝယ်ယူနိုင်မည့်အဆိုပါပြပွဲကို အစားအသောက်ခုံမင်သူများမလွတ်တမ်းသွားရောက်လေ့လာနိုင်မည်ဖြစ်သည်။(Xinhua)
ရှန်ဟိုင်း၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) မီးဖိုချောင်ထဲတွင်အလွန်အသုံးဝင်နိုင်မည့် လိုသလိုသိမ်းဆည်းအသုံးပြုနိုင်သော ရေဘုံပိုင်ခေါင်းတစ်မျိုးကို ရှန်ဟိုင်းတွင်ပြုလုပ်လျက်ရှိသည့် ပထမဆုံး တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲတွင် ပြသခဲ့ကြောင်းသိရသည်။ (Xinhua)
ရှန်ဟိုင်း၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ဆင်ဟွာသတင်းဋ္ဌာန၏ အသိဉာဏ်တု နည်းပညာသုံးသတင်းကြေညာသူက ပထမဆုံးအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲတွင် ပနားမား တာဝန်ရှိသူတစ်ဦးနှင့် အလီဘာဘာ တည်ထောင်သူ ဂျက်မားတို့ ပြောကြားခဲ့သည့် အကြောင်းအရာများပါဝင်သည့် သတင်းများကို တင်ဆက်ခဲ့သည်။(Xinhua)
ရှန်ဟိုင်း၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) မိမိစိတ်တိုင်းကျ လိုသလို ပြောင်းလဲ တတ်ဆင် နိုင်သည့် transformer မျက်မှန်တစ်မျိုးကို တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ပြသလျက်ရှိသည့် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲတွင် ပြသခဲ့သည်။ အဆိုပါ မျက်မှန်မှာ မှန် နှင့် မျက်မှန်ကိုင်းကို စိတ်ကြိုက်လိုသလိုပုံဖော်တပ်ဆင်နိုင်သောကြောင့် transformer glass ဟုအမည်ပေးထားကြောင်းသိရသည်။(Xinhua)