Connect with us

WORLD

နယူးယောက်မြို့သို့ လာရောက်သည့်ခရီးသည်တိုင်း မဖြစ်မနေ အသွားအလာကန့်သတ်ခြင်း လုပ်ဆောင်ရမည်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ John F. Kennedy နိုင်ငံတကာလေဆိပ် ဂိတ်အမှတ် ၁ အပြင်ဘက်တွင် ခရီးသည်များဝင်ရောက်မှုကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

လာမည့် အားလပ်ရက်ကာလအတွင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ လာရောက်လည်ပတ်သူနှင့် နေရပ်ပြန်လာသူ မည်သူမဆို မဖြစ်မနေ ကွာရန်တင်း (quarantine) ဝင်ခြင်း သို့မဟုတ် လိုက်နာခြင်းမပြုပါက အမေရိကန်ဒေါ်လာ ၁,၀၀၀ ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း မြို့တော်ဝန် Bill de Blasio က ဒီဇင်ဘာ၂၃ ရက်၌ ပြောကြားခဲ့သည်။

လေဆိပ်မှတစ်ဆင့် နယူးယောက်မြို့သို့ ဝင်ရောက်မည့် ခရီးသည်များအားလုံးကို ကွာရန်တင်း နှစ်ပတ်ဝင်ရမည်ဟု ကျန်းမာရေးဦးစီးဌာန (DOH) ကော်မရှင်နာက ညွှန်ကြားချက် ထုတ်ပြန်ထားပြီး အဆိုပါ ညွှန်ကြားချက်မှာ မေးလ်မှတစ်ဆင့် တရားဝင် ရောက်ရှိလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ John F. Kennedy နိုင်ငံတကာလေဆိပ် ဂိတ်အမှတ် ၁ အပြင်ဘက်တွင် ခရီးသည်များဝင်ရောက်မှုကို တွေ့ရစဉ် (ဆင်ဟွာ)

ယင်းသို့ ညွှန်ကြားချက်များဖြင့် ပြည်ပခရီးသွားဧည့်သည်များ အထူးသဖြင့် ကူးစက်မြန် COVID-19 ဗိုင်းရပ်စ်အသစ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေသော အင်္ဂလန်နိုင်ငံမှ လာရောက်သူများအပေါ် အသွားအလာကန့်သတ်မှု လုပ်ဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ဖော်ပြထားသည်။

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားရာ အင်္ဂလန်နိုင်ငံမှ လာရောက်သူ မည်သည့်ခရီးသည်မဆို အစိုးရဌာနရုံးမှ ထုတ်ပေးသည့် ကော်မရှင်နာ ညွှန်ကြားချက်အား ကိုယ်တိုင်ကိုယ်ကျ ပေးပို့ရမည်ဖြစ်သည်။

“ပြည်သူတွေ ခရီးမသွားဖို့လိုပါတယ်။ ဒါပေနဲ့ သွားမယ်ဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းတွေကို အလွန့်အလွန် တင်းကြပ်ရမှာပါ” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရဌာနရုံးမှ ကိုယ်စားလှယ်များကိုလည်း “ယူကေမှ လာရောက်သော ခရီးသည်တစ်ဦးချင်းစီတိုင်းရဲ့” နေအိမ် သို့မဟုတ် ဟိုတယ်များသို့ စေလွှတ်ကာ ၎င်းတို့အနေဖြင့် ကွာရန်တင်းဝင်ခြင်းကို လိုက်နာခြင်း ရှိမရှိ အတည်ပြုရန် စီစဉ်ထားကြောင်း၊ လိုက်နာရန် ပျက်ကွက်ပါက တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁,၀၀၀ ဒဏ်ငွေတပ်မည်ဖြစ်ကြောင်း သိရသည်။

ခရီးသည်များသည် လေဆိပ်များ၊ ရထားဘူတာရုံများနှင့် ဘတ်စ်ကားဂိတ်များ၌ မြို့အတွင်း ရောက်ရှိမှုအပေါ် ပုံစံများဖြည့်စွက်ခြင်းနှင့် မဖြစ်မနေ ကွာရန်တင်းဝင်ရန် ညွှန်ကြားချက်များဖြင့် အစိုးရဌာနရုံးမှ ကိုယ်စားလှယ်များနှင့် အခြားမြို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရမည်ဖြစ်ပြီး လုပ်ငန်းစဉ် စောင့်ကြည့်ခြင်းနှင့် ဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။

နယူးယောက်မြို့အနေဖြင့် ကွာရန်တင်းညွှန်ကြားချက်များ အသက်ဝင်စေရန် ပြည်နယ်အစိုးရနှင့် ဆိပ်ကမ်းအာဏာပိုင်များနှင့်အတူ “နီးကပ်စွာ လုပ်ဆောင်လျက်ရှိကြောင်း” မြို့တော်ဝန်က ပြောခဲ့သည်။

ဗြိတိန်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ဗီဇသစ်နှစ်မျိုး တွေ့ရှိသဖြင့် နိုင်ငံ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ ဒေသအတော်များများကို သတိပေးအဆင့်အမြင့်ဆုံးဖြစ်သော ကန့်သတ်ချက်အဆင့် ၄ သို့ ထည့်သွင်းလိုက်ကြောင်း ကျန်းမာရေးဝန်ကြီး မတ်ဟန်ကွတ် (Matt Hancock) က ဒီဇင်ဘာ ၂၃ ရက်၌ ကြေညာခဲ့သည်။

ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းအထိ နယူးယောက်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်၍ သေဆုံးသူ ၂၄,၇၆၈ ဦးရှိခဲ့ပြီး အတည်ပြုလူနာဦးရေမှာ ၃၈၇,၂၆၇ ဦးရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………

(English Version)
Mandatory quarantine imposed on passengers coming to NYC
2020-12-24 04:44:14
NEW YORK, Dec. 23 (Xinhua) — Anybody visiting or returning to New York City during the upcoming holiday season will be subject to mandatory quarantine and a 1,000-U.S.-dollar fine if not followed, Mayor Bill de Blasio said on Wednesday.
All passengers entering the city via airport will be issued a Department of Health (DOH) commissioner’s order to quarantine for two weeks, and the order will come via certified mail, he said.
By such orders, the city intends to step up quarantine enforcement on foreign travelers, particularly those coming from England, over concerns about a new and more contagious strain of COVID-19, he added.
Any passengers coming from the United Kingdom, where a mutated strain of the coronavirus has been discovered, will be personally served the commissioner’s order by the Sheriff’s Office.
“We need people not to travel, but if they do, we are going to be very, very stringent about the rules,” he said during a press briefing.
In addition, the city plans to dispatch sheriff’s deputies to the home or hotel of “every single traveler coming in from the UK” to confirm that they’re abiding by the quarantine. Failing to comply could result in fines of up to 1,000 dollars per day.
Meanwhile, travelers will be met at airports, train stations and bus depots by sheriff’s deputies and other city officials who will present them with forms and mandatory quarantine orders upon arrival, which will set the monitoring and enforcement process in motion.
The mayor said that the city is “working closely” with the state government and Port Authority to enforce its quarantine order, but noted that the city itself has the power to be “very aggressive” in ensuring people follow it.
British Health Secretary Matt Hancock on Wednesday announced that more areas of the East and South East of England will be put into Tier Four restrictions, the highest level, while revealing that two cases of another new variant of the novel coronavirus have been identified in Britain.
As of Tuesday afternoon, coronavirus deaths added up to 24,768 and confirmed cases to 387,267 in NYC, according to The City, a project that tracks the spread of confirmed COVID-19 infections and fatalities in New York City, based on information provided by the New York City Department of Health and Mental Hygiene, the governor’s office, The COVID Tracking Project and the Center for Systems Science and Engineering at Johns Hopkins University. Enditem

1- Arrivals walk out of Terminal 1 at John F. Kennedy International Airport in New York, the United States, March 13, 2020. (Xinhua/Wang Ying)
2- Arrivals walk out of Terminal 1 at John F. Kennedy International Airport in New York, the United States, March 13, 2020. (Xinhua/Wang Ying)