Connect with us

Environment, Disasters & Accidents

နေပြည်တော် ၊ပျဉ်းမနားနှင့် သာစည်မြို့တို့တွင် ငလျင်မလှုပ်ဘဲငြိမ်သက်လျက်ရှိသောနေရာများ ရှိနေခြင်းကြောင့် သုတေသနဆောင်ရွက်လျက်ရှိ

နေပြည်တော်၏ ဆည်းဆာချိန်အလှအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

စစ်ကိုင်းသက်ရှင်ပြတ်ရွေ့ရှိသော်လည်း နေပြည်တော်၊ပျဉ်းမနားနှင့် သာစည်မြို့တို့တွင် ငလျင်မလှုပ်ဘဲငြိမ်သက်လျက်ရှိသောနေရာများရှိနေခြင်းကြောင့် ယင်းနေရာများတွင် ငလျင်ငြိမ်သက်ခြင်းနှင့် ပတ်သက်၍ သုတေသနလုပ်ဆောင် လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ယနေ့ဒီဇင်ဘာ ၂၄ ရက်တွင်ပြောကြားသည်။

“သက်ရှင်ပြတ်ရွေ့ရှိတဲ့နေရာဆိုရင် ငလျင်လှုပ်ရှားမှု မကြာခဏဖြစ်တတ်တယ်။ ဒါပေမယ့်အဲဒီဘက်မှာ ငလျင်ငြိမ်သက်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်လောက် က စပြီး ငလျင် လှုပ်ရှားမှုတစ်ချို့တော့တွေ့ရတယ်။ ဒါပေမယ့် သက်ရှင်ပြတ်ရွေ့ရှိတဲ့နေရာအရဆိုရင် ငလျင်ငြိမ်သက်တယ်လို့ပြောလို့ရတယ်။ ဒါကြောင့် အဲဒါနဲ့ ပတ်သက်ပြီးသုတေသနပြုဆောင်ရွက်နေပါတယ်။’’ ဟု ၎င်းကဆိုသည်။
နည်းပညာများဖွံံ့ဖြိုးတိုးတက်လာခြင်းကြောင့် ငလျင်လှုပ်ရှားနိုင်မှု အလားအလာများ၊ ဖြစ်နိုင်ချေများအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်း၍ သုတေသနပြုဆောင်ရွက်ခြင်းများကို ငလျင်ဌာနခွဲအနေဖြင့် လက်ရှိတွင်ဆောင်ရွက်နေသကဲ့သို့ ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ငလျင်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု အစီအမံများ၊ မြေငလျင်ဘေးအန္တရာယ်ပြမြေပုံများရေးဆွဲထားနိုင်ကြောင့် မြေငလျင်ဘေးလျော့ပါးရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုနိုင်ကြောင်း၎င်းကဆိုသည်။ (Xinhua)