Connect with us

WORLD

ပို၍ ကူးစက်နိုင်စွမ်းရှိသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်နောက်တစ်မျိုး ဗြိတိန်တွင် ထပ်မံတွေ့ရှိ ၊ တရုတ်နိုင်ငံတွင် ပြည်တွင်းကူးစက်မှုသစ်တွေ့ရှိရ၍ Nucleic acid ဆေးစစ်မှုများ ပြုလုပ်နေ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၏ မြင်ကွင်းတစ်နေရာအား ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

COVID-19 ကပ်ရောဂါသည် မည်သည့်အချိန်တွင် ရပ်တန့်နိုင်မည်နည်း။ ဗြိတိန်တွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးမကြာမီမှာပင် ၎င်းနိုင်ငံတွင် ဗီဇအသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ် နောက်တစ်မျိုး ထပ်မံတွေ့ရှိခဲ့ပြန်ပြီဖြစ်သည်။

တရုတ်နိုင်ငံတွင် ဒီဇင်ဘာ ၂၃ ရက်က ပေကျင်းမြို့ စွန့်ရိခရိုင်တွင် လက္ခဏာမပြ ကူးစက်သူတစ်ဦးကို အတည်ပြုခဲ့သည်။
ထို့အပြင် ဒီဇင်ဘာ ၂၃ ရက် ၁၅ နာရီမှ ၂၄ နာရီအတွင်း လျောင်နင်ပြည်နယ်၌ ပြည်တွင်း ကူးစက်မှု ၆ ဦး (၎င်းတို့အနက် ၃ ဦးမှာ လက္ခဏာမပြကူးစက်သူမှ အတည်ပြုလူနာဖြစ်လာ)၊ထပ်တိုး လက္ခဏာမပြ ပြည်တွင်းကူးစက်သူ ၄ ဦးရှိခဲ့သည်။ အတည်ပြုလူနာများအားလုံးသည် သာမာန်လူနာများဖြစ်ပြီး တာ့လျန်မြို့မှ အစီရင်ခံခြင်းဖြစ်ကြောင်းနှင့် လက္ခဏာမပြကူးစက်သူ ၄ ဦးမှာ စိန်ရန်မြို့တွင် ၁ ဦး ၊ တာ့လျန်မြို့တွင် ၃ ဦး ဖြစ်သည်။

တရုတ်နိုင်ငံတွင် ပထမအသုတ် ကာကွယ်ဆေးကို ကြေညာပြီး ကာကွယ်ဆေးထိုးနှံမှုများ လျင်မြန်စွာ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း တရုတ်အင်ဂျင်နီယာအကယ်ဒမီ Chinese Academy of Engineering(CAE)မှ ပညာရှင် နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောဂါကျွမ်းကျင်ပညာရှင် ကျုံးနန်ဆန်း(Zhong Nanshan)က ပြောကြားခဲ့ကြောင်း People’s Daily သတင်းစာက ဖော်ပြခဲ့သည်။ ကပ်ရောဂါ ကာကွယ်ရေးကို ကာကွယ်ဆေးပေါ်တွင်သာ လုံးဝ ဥဿုံအားမထားနိုင်သော်လည်း ပြည်သူအားလုံး၏ ကပ်ရောဂါတိုက်ဖျက်ရေး ယုံကြည်ချက်ကို တိုးပွားစေသလို ရောဂါတစ်ကျော့ပြန်ဖြစ်ပွားမှုကို ကာကွယ်ရာတွင် သိပ္ပံနည်းကျအားပြုစရာဖြစ်စေကြောင်း၊ နွေဦးနှစ်ကူးပွဲတော် နီးလာသည်နှင့်အမျှ လူအများအပြား သွားလာလှုပ်ရှားကြတော့မည်ဖြစ်ကြောင်း၊ ကိုယ်ခံအားစနစ်ကို တည်ဆောက်နေသည့်တစ်ချိန်တည်းတွင်ပင် ရောဂါကာကွယ်မှုများကို တင်းကျပ်တိကျသေချာစွာ ဆက်လက်လိုက်နာစောင့်ထိန်းရမည်ဖြစ်ကြောင်း ဆိုသည်။

(၁) ဗြိတိန်တွင် ဗီဇအသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ်နောက်ထပ်တစ်မျိုး ထပ်မံတွေ့ရှိ၊ ၎င်းမှာ အမေရိကန်၌ ကူးစက်ပြန့်နှံ့နေပြီဖြစ်နိုင်

ဗီဇအသွင်ပြောင်းသွားသည့် ကိုရိုနာဗိုင်းရပ်စ်အသစ်သည် အလွန်စိုးရိမ်ဖွယ်ကောင်းကြောင်း၊ ၎င်းသည် ကူးစက်ပြန့်နှံ့နိုင်စွမ်း အားကောင်းပြီး ယခင်တွေ့ရှိရသည့် ဗီဇပြောင်းဗိုင်းရပ်စ်ထပ် သန္ဓပြောင်းလဲမှု ပိုများသည့် အနေထားတွင် ရှိရာ ဗြိတိန်ပညာရှင်များက ထဲထဲဝင်ဝင်လေ့လာစစ်ဆေးလျက်ရှိကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီး Matt Hancockက ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော လူနာ ၂ ဦးသည် ယခုကာလများတွင် တောင်အာဖရိသို့ ခရီးသွားခြင်းနှင့်ဆက်စပ်ကြောင်း၊ အစိုးရအနေဖြင့် လူနာများနှင့် ၎င်းတို့နှင့်ထိတွေ့သူများကို သီးခြားခွဲထားပြီဖြစ်ရာ တောင်အာဖရိနှင့်သက်ဆိုင်သည့် ခရီးစဉ်များကို ကန့်သတ်ထားသလို ပြီးခဲ့သည့် ရက်သတ္တပတ် ၂ ပတ်ကျော်က တောင်အာဖရိကသို့ သွားဖူးသူများနှင့် ထိတွေ့ဖူးသူများကို မဖြစ်မနေ ချက်ချင်း သီးခြားခွဲထားကြောင်း Matt Hancockက ဆိုသည်။

လက်ရှိ ကပ်ရောဂါအခြေအနေကြောင့် ဗြိတိန်အစိုးရအနေဖြင့် အင်္ဂလန်ရှိ Sussex၊ Oxfordshire ၊ Suffolk၊ Norfolk ၊Cambridgeshireစသည့်နေရာများ၏ COVID-19 ကပ်ရောဂါ ကာကွယ်ရေးကို အဆင့် ၄ အထိ တိုးမြှင့်ရန် ဆုံးဖြတ်လိုက်ကြောင်း Matt Hancockက ပြောကြားခဲ့သည်။

အကယ်၍ ဗီဇပြောင်းသွားသည့် ကိုရိုနာဗိုင်းရပ်စ်ကို အမေရိကန်မှာတွေ့ရမည်ဆိုလျှင် အံ့ဩမိမည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံ National Institute of Allergy and Infectious Diseases (NIAID)၏အကြီးအကဲ Anthony S. Fauciက ဒီဇင်ဘာ ၂၂ ရက် အမေရိကန် ရုပ်သံလွှင့်ကုမ္ပဏီ(ABC)၏ မေးမြန်းမှုတွင် ပြောကြားခဲ့သည်။

အမေရိကန် ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC)၏ ဒီဇင်ဘာ ၂၂ ရက် သတင်းထုတ်ပြန်ချက်တွင် “ဗြိတိန်နှင့်အမေရိကန်အကြားတွင် ခရီးသွားလာမှုက ဆက်ရှိနေသေးတာရယ်၊ ဗီဇအသွင်းပြောင်းသွားတဲ့ ဒီဗိုင်းရပ်စ်မျိုးက ဗြိတိန်မှာ လက်ရှိ ကူးစက်မှုများနေတာရယ်ကို စဉ်းစားကြည့်ရင် အမေရိကန်မှ ဗီဇပြောင်း ဗိုင်းရပ်စ်ပြန့်ပွားနေပြီမှာ အလွန်ဖြစ်နိုင်တယ် ”ဟု ဖော်ပြထားကြောင်း Global Times သတင်းဖော်ပြချက်များအရ သိရသည်။

(၂) တစ်ကမ္ဘာလုံးတွင် COVID-19ရောဂါအတည်ပြုလူနာ စုစုပေါင်း ၇၆,၈၅၈,၅၀၆ ဦး ရှိပြီဖြစ်ကြောင်း WHO ဆို

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) ဒီဇင်ဘာ ၂၃ ရက် ၁၆ နာရီ ၄၄ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် (၅၇၀,၃၅၇) ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ (၁၁,၄၉၆)ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ (၇၆,၈၅၈,၅၀၆)ဦး နှင့် စုစုပေါင်း သေဆုံးသူ (၁,၇၁၁,၄၉၈) ဦး အသီးသီး ရှိလာကြောင်း သိရသည်။

Worldometer၏အချိန်နှင့်တစ်ပြေးညီ စရင်းပြုစုချက်များအရ ပေကျင်းစံတော်ချိန် ဒီဇင်ဘာ ၂၄ ရက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် အမေရိကန်နိုင်ငံ၏ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၈,၈၅၄,၂၇၅ ဦး၊ သေဆုံးသူ စုစုပေါင်း ၃၃၃,၃၁၀ ဦးရှိကြောင်း သိရသည်။ ၎င်းမှာ ပြီးခဲ့သည့်ရက် ၆ နာရီ ၃၀ မိနစ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်တွင် အသစ်ထပ်တိုးအတည်ပြုလူနာ ၂၂၁,၉၇၀ ဦး၊ အသစ်ထပ်တိုး သေဆုံးသူ ၃,၂၇၇ ဦး ရှိကြောင်း သိရသည်။

တစ်ကမ္ဘာလုံးရှိ နိုင်ငံအသီးသီးက ကပ်ရောဂါကို သတိချပ်နေရမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မီ လူထု ခုခံအား (Herd immunity)ရရန် ဖြစ်နိုင်ခြေသိပ်မရှိကြောင်း WHO ထိပ်တန်း သိပ္ပံပညာရှင် Soumya Swaminathanက ဒီဇင်ဘာ ၂၃ ရက်တွင် အမေရိကန်သတင်းမီဒီယာများ တွေ့ဆုံမေးမြန်မှုတွင် သတိပေးပြောဆိုခဲ့သည်။ ထို့အပြင် ကာကွယ်ဆေးများကို စတင်ထိုးနှံပေးနေပြီဖြစ်သော်လည်း လူအများအပြား ကာကွယ်ဆေးရနိုင်ရန် အချိန်လိုအပ်သေးကြောင်း ဆိုသည်။

(၃)ပေကျင်းမြို့ စွန့်ရိခရိုင် လျန်ကျူဥယျာဉ်ရပ်ကွက် မြို့နေပြည်သူ (၂,၀၀၀)နီးပါး Nucleic acidဆေးစစ်မှုများ ပြုလုပ်

ပေကျင်းမြို့ စွန့်ရိခရိုင်တွင် ဒီဇင်ဘာ ၂၃ ရက်က လက္ခဏာမပြကူးစက်သူ(၁)ဦး အတည်ပြုခဲ့သည်။ ရောဂါကူးစက်သူနေထိုင်ရာ ရပ်ကွက်ကို ပိတ်ထားပြီဖြစ်ပြီး ၎င်းနှင့်အတူနေထိုင်သူမိသားစုဝင် ၄ ဦး၏ အာခေါင်တို့ဖတ်နှင့် အဆောက်အဦလမ်းတစ်လျှောက်စသည့် အများသွားလာသည့် ပတ်ဝန်းကျင်တွင် ဓါတ်ခွဲနမူနာ ၃၈ ခု၊ တစ်တိုက်တည်းနေသူများ၏ အာခေါင်တို့ဖတ်နမူနာ ၈၄ ခုကို ရယူစစ်ဆေးခဲ့ရာ Negativeဖြစ်သည်ကို တွေ့ရှိရကြောင်း ယင်းခရိုင်ပြန်ကြားရေးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းရပ်ကွက်တွင် နေထိုင်သူ (၂,၀၀၀)နီးပါးကို Nucleic acidဆေးစစ်မှုများ ပြုလုပ်လျက်ရှိရာ အဖြေကို စောင့်ဆိုင်းနေကြောင်း ဆိုသည်။

ကူးစက်ခံရသူသည် ပေကျင်းတွင် အမြဲတမ်းနေထိုင်သူ အသက် ၃၄ နှစ်အရွယ် အမျိုးသား ဖု….ဖြစ်ပြီး စွန့်ရိ ခရိုင် လျန်ကျူဥယျာဉ် ရပ်ကွက်တွင် နေထိုင်ကြောင်း၊ ၎င်းနေထိုင်ရာ အိမ်အဆောက်အဦတွင် ရှိသူအားလုံးကို အိမ်တွင်သာနေထိုင်၍ ကျန်းမာရေးအခြေအနေ စောင့်ကြည့်လျက်ရှိကြောင်း၊ ရပ်ကွက်ရှိ အခြားတိုက်တွင် နေထိုင်သူများကို ဆေးစစ်ရလဒ်များအရ ကာကွယ်ရေးနည်းလမ်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကူးစက်မှုတွေ့ရှိသည့်နေရာနှင့်ရပ်ကွက်ကို ဘက်စုံပိုးသတ်မှုများ ဆောင်ရွက်ပြီဖြစ်ကြောင်း မိတ်ဆက်ပြောကြားချက်များအရ သိရသည်။

လက်ရှိ ဆက်စပ်သူများကို ကူးစက်ရောဂါစိစစ်စစ်ဆေးမှုနှင့် ထိန်းချုပ်မှုများပြုလုပ်လျက်ရှိပြီး ကူးစက်မှုအရင်းအမြစ်ကို အမြန်ဆုံးရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။ ရောဂါကူးစက်ခံရသူ ဖု….သည် ဒီဇင်ဘာ ၂၂ ရက်က ပေကျင်းမှ နင်းပေါသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

(၄)တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်တွင် ကိုဗစ် အသစ်ထပ်တိုး အတည်ပြုလူနာ ၆ ဦး၊ လက္ခဏာမပြကူးစက်သူ ၄ ဦး ရှိ၊ စိန်ရန်မြို့ရှိနေရာနှစ်ခုကို ကူးစက်မှုအန္တရာယ်အလယ်အလတ်အဆင့်အဖြစ် သတ်မှတ်

ဒီဇင်ဘာ ၂၃ ရက် ၁၅ နာရီမှ ၂၄ နာရီအတွင်း လျောင်နင်ပြည်နယ်၌ ပြည်တွင်း ကူးစက်မှု ၆ ဦး (၎င်းတို့အနက် ၃ ဦးမှာ လက္ခဏာမပြကူးစက်သူမှ အတည်ပြုလူနာဖြစ်လာ)၊ထပ်တိုး လက္ခဏာမပြ ပြည်တွင်းကူးစက်သူ ၄ ဦးရှိခဲ့သည်။ အတည်ပြုလူနာများအားလုံးသည် သာမာန်လူနာများဖြစ်ပြီး တာ့လျန်မြို့မှ အစီရင်ခံခြင်းဖြစ်ကြောင်းနှင့် လက္ခဏာမပြကူးစက်သူ ၄ ဦးမှာ စိန်ရန်မြို့တွင် ၁ ဦး ၊ တာ့လျန်မြို့တွင် ၃ ဦး ဖြစ်သည်။

ဒီဇင်ဘာ ၂၃ ရက်က စိန်ရန်မြို့တွင် တောင်ကိုရီယားမှ ပြန်လာသူတစ်ဦးအား ကျန်းမာရေးစောင့်ကြည့်မှုမှဖြေလျော့လိုက်ပြီးနောက် Nucleic acid စစ်ဆေးရာတွင် positiveဖြစ်နေသည်ကို တွေ့ရှိရာ တရုတ်နိုင်ငံတော်ကောင်စီ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပူးတွဲထိန်းချုပ်ရေးစနစ်၏ ကိုဗစ်ကပ်ရောဂါ ဒေသ စံနှုန်းအဆင့်ခွဲ၍ ပစ်မှတ်ထား ရောဂါထိန်းချုပ်ရေး သတ်မှတ်ချက်အရ ရောဂါကူးစက်သူ၏ သွားလာလှုပ်ရှားမှုလမ်းကြောင်းနှင့်နေရာအနေထားတွင်မူတည်၍ စိန်ရန်မြို့ရှိ နေရာနှစ်ခုအား ကူးစက်မှုအန္တရယ်အလယ်အလတ်အဆင့်ရှိနေရာအဖြစ်သို့ သတ်မှတ်ခဲ့ကြောင်း သိရသည်။ ကျန်ဒေသများကို ကူးစက်မှုအန္တရာယ်နည်းပါးအဆင့်တွင် ထားရှိကာ ပြောင်းလဲခြင်းမရှိကြောင်း သိရသည်။ (Xinhua)

————————————-
(Chinese Version)
突发!英国又发现一种变异新冠病毒,传播性更强!辽宁新增6例确诊4例无症状,北京顺义莲竹花园近2000名居民核酸检测
2020-12-24 13:48:24
新华社北京12月24日电(中国证券报记者傅苏颖)新冠肺炎疫情何时休!继此前发现一种变异新冠病毒后,英国又发现另一种变异新冠病毒。
  而在国内,12月23日,北京市顺义区确认一名无症状感染者。此外,12月23日15时至24时,辽宁省新增6例本土新冠肺炎确诊病例(其中3例为无症状感染者转归),均属普通型病例,均为大连市报告;新增4例本土无症状感染者,其中沈阳市1例、大连市3例。
据人民日报报道,钟南山称,我国第一批疫苗要公布了,很快就要接种。防控疫情,尽管不能把宝全都押在疫苗上,但疫苗接种为全民抗疫增添信心,为防止疫情反弹提供科学支撑。春节的脚步越来越近,大规模人口流动近在眼前。构建免疫屏障的同时,继续严防死守,愿每个人都平平安安。

(小标题)英国又发现一种变异新冠病毒 且可能已在美国传播
 据新华社报道,英国卫生大臣马修•汉考克23日表示,新的变异病毒让人“非常担忧”,因为它传播性更强,似乎比前一种变异病毒变异程度更深,英国专家正在深入分析。
 汉考克说,新的变异病毒感染的两例病例均与近期的南非旅程有关。英国政府已隔离患者及其密切接触者,并对与南非有关的旅行采取限制措施,过去两周去过南非的人员及其密切接触者必须立即隔离。
汉考克表示,鉴于疫情形势,英国政府决定从26日起将英格兰的萨塞克斯郡、牛津郡、萨福克郡、诺福克郡、剑桥郡等地的新冠疫情防控级别调升至第四级。
 美国国家过敏症和传染病研究所所长安东尼•福奇22日在接受美国广播公司采访时表示,如果变异新冠病毒在美国出现,他并不会感到惊讶。

(小标题)世卫组织:全球累计新冠确诊病例达76858506例
  世界卫生组织23日公布的最新数据显示,截至欧洲中部时间23日16时44分(北京时间23时44分),全球确诊病例较前一日增加570357例,达到76858506例;死亡病例增加11496例,达到1711498例。
  据人民日报海外网报道,根据Worldometer实时统计数据,截至北京时间12月24日6时30分左右,美国累计确诊新冠肺炎病例18854275例,累计死亡病例333310例。与前一日6时30分数据相比,美国新增确诊病例221970例,新增死亡病例3277例。
世界卫生组织首席科学家苏米娅•斯瓦米纳坦(Soumya Swaminathan)23日在接受美媒采访时警告,全球各国必须对疫情保持警惕,2021年年底前不太可能出现群体免疫。此外,虽然疫苗已经推出,但大多数人获得接种还需要时间。

(小标题)北京顺义莲竹花园近2000名居民进行核酸检测
  12月23日,北京市顺义区确认一名无症状感染者。顺义区委宣传部12月24日介绍,顺义区第一时间对付某某常住小区实施封闭式管理,采集付某某4名同住家庭成员咽拭子样本4件,采集家庭及楼道等公共空间环境样本38件,采集同楼宇居民咽拭子样本84件,经检测,结果全部为阴性。同步迅速对该小区近2000名居住人员实施全员核酸检测,结果待出。
据介绍,感染者付某某,男,34岁,北京市常住居民,家住顺义区空港街道莲竹花园小区。对付某某所住楼宇居民实施居家观察措施,对小区其他楼宇居民依据检测结果将采取相应的防疫措施;已对付某某家庭及所在楼宇实施终末消毒,并对小区内公共空间进行全面消杀。
  目前,正在对相关人员开展流行病学调查并采取管控措施。顺义区将对集中医学观察和居家观察人员进行密切健康监测,并持续开展溯源工作,对可能的风险因素进行全面排查,尽快确定病毒传染源。
12月22日9时30分,付某某因参加研究生考试按照防疫规定主动进行核酸检测;同日17时45分,付某某乘坐国航CA8347航班由北京首都国际机场前往宁波市出差,20时15分抵达宁波栎社国际机场;12月23日2时30分,顺义区检测机构报告付某某核酸检测结果阳性。顺义区疾控中心即与其取得联系,并同步与宁波市卫生健康部门联系,开展健康筛查和流行病学调查。经北京市疾控中心复核,诊断为无症状感染者。
 (小标题)辽宁新增6例确诊4例无症状 沈阳两地升为中风险
  辽宁省卫健委12月24日通报,12月23日15时至24时,辽宁省新增6例本土新冠肺炎确诊病例(其中3例为无症状感染者转归),均属普通型病例,均为大连市报告;新增4例本土无症状感染者,其中沈阳市1例、大连市3例。
  12月23日,沈阳市新增1例韩国返沈人员解除隔离后核酸检测阳性患者,根据国务院应对新型冠状病毒感染肺炎疫情联防联控机制《关于调整新冠肺炎疫情分区分级标准实施精准管控措施的通知》要求,按照科学划定、精准管控的工作要求,结合患者行动轨迹和活动范围,经沈阳市新冠肺炎疫情防控专家组研判论证,并报请省疫情防控总指挥部同意,现将沈阳市于洪区北陵街道宏达社区和华润橡树湾二期调整为中风险地区。其他地区风险等级不变,仍为低风险地区。(完)

图文:这是12月23日在英国伦敦拍摄的因疫情关闭而停止转动的“伦敦眼”。(新华社记者韩岩摄)