Connect with us

WORLD

ရုရှားနိုင်ငံ က ထုတ် COVID-19 ရောဂါ ကာကွယ်ဆေးကို အာဂျင်တီးနား နိုင်ငံ က အရေးပေါ် အသုံးပြုရန် ခွင့်ပြု

ရုရှားနိုင်ငံ မော်စကိုမြို့တွင် စေတနာ့ဝန်ထမ်းတစ်ဦးအား “Sputnik V” COVID-19 ရောဂါ ကာကွယ်ဆေး တတိယအဆင့် စမ်းသပ်မှု ထိုးနှံပေးနေစဉ်(ဆင်ဟွာ)

ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အာဂျင်တီးနားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က ဒီဇင်ဘာ ၂၃ ရက် ၌ ရုရှားနိုင်ငံ မှ တီထွင်ထုတ်လုပ် ထားသေား “Sputnik V” COVID-19 ရောဂါကာကွယ်ဆေးအား အရေးပေါ် အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ပြီး ကာကွယ်ဆေးအခုရေပေါင်း ၁၀ သန်းဝယ်ယူသွားဖွယ်ရှိကြောင်း သိရှိရသည်။

အာဂျင်တီးနားနိုင်ငံ ကျန်းမားရေးဝန်ကြီး Ginés González García က သဘောတူညီချက်တစ်ခု၌ လက်မှတ်ရေးထိုးစဉ်တွင် ရုရှားနိုင်ငံ မှ တီထွင်ထုတ်လုပ်သည့် “Sputnik V” COVID-19 ကာကွယ်ဆေးသည် လုံခြုံမှုရှိပြီး ထိရောက်မှုရှိသည်ဟု ယူဆရကြောင်း ၊ ယင်းကာကွယ်ဆေးက အာဂျင်တီနားနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှု နှင့် သေဆုံးမှု ထိရောက်စွာ ကျဆင်းစေနိုင်မည် ဖြစ်ပြီး ရောဂါဖြစ်ပွားခြင်း နှင့် ကူးစက်ခြင်း အန္တရာယ်ကိုလည်း များစွာ ကျဆင်းစေနိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယင်းမှာ အာဂျင်တီးနားနိုင်ငံ မှ ခွင့်ပြုချက်ပေးခဲ့သည့် နောက်ထပ်ကိုဗစ်ရောဂါ ကာကွယ်ဆေးဖြစ်ပြီး အမေရိကန် နှင့် ဂျာမနီ နိုင်ငံ ဆေးဝါး ကုမ္ပဏီ တို့မှ ပူးပေါင်း ထုတ်လုပ်ထားသည့် COVID-19 ရောဂါ ကာကွယ်ဆေး ကိုလည်း အာဂျင်တီးနား နိုင်ငံ တွင် အရေးပေါ် အသုံးပြုရန် ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သို့သော်လည်း အာဂျင်တီးနား နိုင်ငံ အနေဖြင့် ယင်း ကာကွယ်ဆေး နှင့် ပတ်သက်သော ဝယ်ယူမှုပုံစုံ နှင့် ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ် ကို ထုတ်ပြန်ခဲ့ခြင်းမရှိသေးကြောင်း သိရှိရသည်။

သတင်းမီဒီယာများ၏ ဖော်ပြချက်အရ အာဂျင်တီးနား နိုင်ငံ၏ အထူးလေယာဉ်သည် ရုရှားနိုင်ငံ မြို့တော် သို့ ပျံသန်းသွားပြီး “Sputnik V” COVID-19 ကာကွယ်ဆေး ပထမ အသုတ် အခုရေ ၃ သိန်းကို သယ်ဆောင် လာမည်ဖြစ်ကြောင်း ၊ ယင်းတာဝန်ကို ထမ်းဆောင်သည့် အထူးလေယာဉ်သည် ဒီဇင်ဘာ ၂၄ ရက်တွင် အာဂျင်တီးနား နိုင်ငံ သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အာဂျင်တီးနား နိုင်ငံ အစိုးရ ၏ လတ်တလောရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ ပထမ အသုတ်အဖြစ် ရောက်ရှိလာမည့် ကာကွယ်ဆေး အခုရေ ၃ သိန်း အား နိုင်ငံအတွင်းရှိ ပြည်နယ် အသီးသီး ကို ခွဲဝေပေးသွားမည်ဖြစ်ပြီး လာမည့်အပတ်မှ စတင်၍ တရားဝင် ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊အာဂျင်တီးနားနိုင်ငံ ပြည်နယ်အသီးသီးရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် အာဂျင်တီနား နိုင်ငံ အား ကာကွယ်ဆေး အခုရေ ၁၀ သန်း ရောင်းချပေးမည်ဖြစ်ပြီး ကာကွယ်ဆေး အလုံးအရင်းထိုးနှံမှုကို လာမည့်နှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အာဂျင်တီးနားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဒီဇင်ဘာ ၂၃ ရက် ထုတ်ပြန်ကြေညာချက်အရ အာဂျင်တီးနားနိုင်ငံ တွင် COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၈,၅၈၆ ဦးရှိခဲ့ပြီး စုစုပေါင်း ၁,၅၆၃,၈၆၅ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် လူ ၆၀ ဦး ထပ်မံသေဆုံး ခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၄၂,၃၁၄ ဦးအထိရှိလာကြောင်း ၊ လက်ရှိချိန်တွင် အာဂျင်တီနာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာတွင် COVID-19 ရောဂါ ကူးစက်ခံထားရသူများအနက် ၃,၃၉၀ ဦး သည် အထူးကြပ်မတ်ဆောင်တွင် စောင့်ကြည့်ကုသပေးနေရကြောင်း သိရသည်။ (Xinhua)

————————————
(Chinese Version)
(国际疫情)俄罗斯研发的新冠疫苗在阿根廷获批紧急使用
2020-12-24 14:19:59 分类: 其他
  新华社布宜诺斯艾利斯12月23日电(记者倪瑞捷)阿根廷卫生部23日批准了由俄罗斯研发的“卫星V”新冠疫苗的紧急使用申请,预计共将购入1000万剂该款疫苗。
  阿根廷卫生部长冈萨雷斯•加西亚在其签署的一份决议中说,俄罗斯研发的“卫星V”新冠疫苗被认为是安全和有效的,能够有效地降低阿根廷新冠病亡率、发病率和传播风险。
  这是阿根廷批准的第二款新冠疫苗。22日,由美国辉瑞制药有限公司和德国生物新技术公司联合研发的新冠疫苗在阿根廷获批紧急使用,但阿根廷政府没有公布具体的采购方案和接种计划。
  据媒体报道,阿根廷已派专机前往俄罗斯首都莫斯科运载首批30万剂“卫星V”新冠疫苗,执行任务的专机预计在24日返抵阿根廷。
  根据阿根廷政府此前公布的计划,首批30万剂疫苗将被分配至阿根廷各个省份,下周起正式启动疫苗接种工作,优先为各省市的医疗卫生人员接种。俄罗斯预计共向阿根廷供应1000万剂疫苗,大部分在明年1月至2月间接种。
  阿根廷卫生部23日公布的数据显示,该国新增确诊病例8586例,累计确诊1563865例;新增死亡病例60例,累计死亡42314例。目前阿根廷全国有3390名新冠患者在重症监护室接受治疗。(完)

Photo
A medical worker inoculates a volunteer with the COVID-19 vaccine named “Sputnik V” during the phase-3 clinical trials in Moscow, Russia, on Sept. 15, 2020. (Photo by Alexander Zemlianichenko Jr/Xinhua)