ဂျကာတာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ထောက်ပံ့ပေးပို့သော COVID-19 ရောဂါစမ်းသပ်ကိရိယာ ၈၀၀,၀၀၀ ပါဝင်သည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများသည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာသို့ မတ် ၂၃ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း ရှမန်လေကြောင်းက ပြောကြားခဲ့သည်။
တိုကျို ၊ မတ် ၂၃ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲအား ကမ္ဘာတစ်ဝှမ်း ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ပြန့်နှံ့မှုကြောင့် ရွှေ့ဆိုင်းရနိုင်ဖွယ်ရှိကြောင်း မတ် ၂၃ ရက်တွင် ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ဇန်နဝါရီလမှ စတင်ကျဆင်းခဲ့ရာ မတ်လ နောက်ဆုံးပတ်အတွင်း တစ်လီတာလျှင် ကျပ် ၃၉၀ထိ ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။
ဘိုဂိုတာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာရှိ အကျဉ်းထောင်တစ်ခုတွင် ထောင်ဖောက်ရန် ကြိုးပမ်းမှုကြောင့် အကျဉ်းသား ၂၃ ဦးသေဆုံးပြီး အခြားသူ ၈၃ ဦးဒဏ်ရာရရှိခဲ့ကာ ယင်းအနက် ၃၂ ဦးကို ဆေးရုံတင်ခဲ့ရကြောင်း တရားရေးဝန်ကြီး မာဂရီတာ ကာဘယ်လို (Margarita Cabello)...
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်နေသည့် ၂၀၂၀ ရာသီ AFC Cup (အေအက်ဖ်စီဖလား) ပြိုင်ပွဲ ကို COVID-19ကြောင့် ဧပြီလကုန်အထိ ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က တာဝန်ရှိသူတစ်ဦး က ဆင်ဟွာ သို့ မတ် ၂၃ ရက်တွင်ပြောသည်။