Connect with us

Culture & Entertainment

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရှေးဟောင်းပစ္စည်း စုစုပေါင်း ၁၆,၅၈၁ ခုအပ်နှံခဲ့ဟု ဆို

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ ဝက်လက် မြို့နယ်မှ လာရောက်အပ်နှံခဲ့သည့် မြေထည်ပစ္စည်းနှင့် ကျောက်လက်နက်အားတွေ့ရစဉ် (ဓာတ်ပုံ--သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လာရောက်အပ်နှံခဲ့သည့် ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံမှုတွင် ရွှေထည်ပစ္စည်း ၁၁ခု၊ ငွေထည်ပစ္စည်း ၄ခု၊ ကြေးပစ္စည်း ၁၃၈ ခု၊ အခြားပစ္စည်း (မြေ၊ကျောက် နှင့်လုပ်ထားတာအပြင် အခြားပစ္စည်းများ) ၁၆,၄၂၈ ခု စုစုပေါင်း ၁၆,၅၈၁ ခု အပ်နှံခဲ့ကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဆင်ဟွာသို့ အောက်တိုဘာ၂၀ရက် တွင် ပြောသည်။

“ဒီရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံမှုတွေအတွက် နိုင်ငံတော်က ငွေကျပ်သန်းပေါင်း ၁၆၈ သိန်းကျော် ချီးမြှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာတွေ့ရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း များကို တာဝန်သိသိ လာရောက်အပ်နှံပါက အဲဒီပစ္စည်းရဲ့မူလတန်ဖိုးအပြင် အနုစိတ် လက်ရာ တန်ဖိုးနဲ့ ရှေးဟောင်းခေတ်ကာလတန်ဖိုးများပါ ထပ်ဆောင်း ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပါတယ်။ လာရောက် လှူဒါန်းမှုများကိုလည်း ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပါတယ်’’ ဟု၎င်း ကဖြည့်စွက်ပြောကြားသည်။

လာရောက်အပ်နှံသည့်ရှေးဟောင်းဝတ္ထုပစ္စည်းများအနက် အချို့ကို ဒေသပြတိုက်များတွင် ပြသထားပြီဂ အချို့ကိုအမျိုးသားပြတိုက်တွင် ပြသထားကြောင်း၊ ထို့ပြင် တူးဖော်ရှေးပစ္စည်းကမ္ဗည်းကျောက်စာဌာနတွင် အချို့ ပြသရန်မသင့်သော ထိန်းသိမ်ရန်သာ သင့်တော်သည့် ရှေးဟောင်းပစ္စည်းများအား ယင်းဌာန တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
“ဒီလိုအပ်နှံခြင်းက ခေတ်အဆက်ဆက်တူးဖော်လာတဲ့ပစ္စည်းစာရင်းတွေ နဲ့ သမိုင်းပညာရှင်တွေ က ဒီပစ္စည်းကိုလေ့လာပြီး သမိုင်း ကို ဒါက ဘယ်ခေတ်၊ဘယ်နှစ် ဆိုပြီး သမိုင်းတွေ ကိုပြန်မြင်လို့ရတာပေါ့။ ပြည်သူတွေလည်း တွေ့ရှိတာလေး တွေ လာအပ်နှံရင် အပြင်ကို ရှေးဟောင်းပစ္စည်းတွေ ထွက်မသွားဘဲ ကိုယ့်နိုင်ငံမှာပဲ ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။’’ ဟု ၎င်းက ဆက်ရှင်းပြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.