ရန်ကုန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မန္တလေး)အား သြဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ မန္တလေး တက္ကသိုလ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
စစ်တကောင်း၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) စစ်တကောင်းမြို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး ၎င်းတွင် နိုင်ငံ၏ ပထမဆုံးရေအောက်ဥမင်လိုဏ်ခေါင်းကို ဖောက်လုပ်လျက်ရှိသည်။ ၎င်းရေအောက်ဥမင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သည့် ကာနာပူလီမြစ်အောက်တွင်ဖောက်လုပ်မည်ဖြစ်ပြီး အရှည်အားဖြင့် ၃.၅ ကီလိုမီတာရှိသည်။ ထိုဥမင်ကို China Communication Construction Company Ltd က ဆောက်လုပ်နေခြင်းဖြစ်ပြီး...
ရန်ရှောင်း၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် အရှေ့တောင်ပိုင်း ရန်ရှောင်းဒေသ၏ အလှအပများမှာ ကမ္ဘာပေါ်တွင်အလှဆုံးရှုမြင်ကွင်းများဟုပင်တင်စားနိုင်မည်ဖြစ်ပါသည်။(Xinhua)
အန်ဟွေး၊ ဇူလိုင်၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ်တွင် လယ်သမားများက ၎င်းတို့၏ စပါးခင်းများကို ကာတွန်းဇာတ်ကောင်များ၏ ပုံရိပ်များနှင့် တရုတ်စကားလုံးပုံရိပ်များအဖြစ် ပုံဖော်အလှဆင်မှုများ ပြုလုပ်ကြသည်။ ထိုသို့ပုံဖော်နိုင်ရန်အတွက် ကောက်ပဲသီးနှံမျိုးစိတ်များကို တိကျစွာ တိုင်းတာ စိုက်ပျိုးရခြင်းဖြစ်ပြီး သီးနှံများရင့်မှည့်ချိန် တွင် ပုံရိပ်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်များ ကိုဆွဲဆောင်နိုင်ရန် လယ်သမားများက ထိုသို့ပုံဖော်ခြင်း...
ဗီယင်ကျန်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) လာအိုနိုင်ငံတောင်ပိုင်းရှိ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်ဆည်ဖြစ်သော Xepian-Xe Nam Noy ဆည်ကျိုးကျမှုကြောင့် လူ ၁၉ ဦးခန့်သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး အခြားသူ ၄၉ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း Attapeu ပြည်နယ် အုပ်ချုပ်ရေးရုံးက ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားထားသည့်...