Connect with us

Local

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၄ရက်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းထပ်မံဝယ်ယူ 

အမေရိကန်ဒေါ်လာအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

အမေရိကန်ဒေါ်လာဈေးနှုန်း ဆက်တိုက်ကျဆင်းနေသည့် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း ကို ၄ ရက်အတွင်း ထပ်မံဝယ်ယူခဲ့ ကြောင်း သိရသည်။

KBZ ဘဏ် ၏ အကြီးတန်းအကြံပေးဦးသန်းလွင်က “COVID-19 ဒုတိယလှိုင်းဖြစ်တော့  ဒေါ်လာဈေးက သိသိသာသာကျသွားတယ်။ ဒါကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ငွေဈေးနှုန်းတည်ငြိမ်ဖို့ အကျမကြမ်းဖို့ အတွက် အခုလိုဆောင်ရွက်ခြင်းဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒေါ်လာဈေးက အခုဒီရက်ပိုင်းမှာ အကျကြမ်းနေတယ်လို့ ပြောလို့ရပါတယ်’’ ဟုဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၁ ရက်တွင် ပြောသည်။ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း ကို ပျမ်းမျှငွေလဲလှယ်နှုန်း ၁,၃၂၆ ဒသမ ၄  ကျပ်ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။အမေရိကန်ဒေါ်လာ ဈေး သည် သြဂုတ် ၂၆ ရက်တွင်  ၁,၃၇၀ ကျပ်မှ ရှိခဲ့ပြီး ဆက်လက်၍ သြဂုတ် ၂၈ ရက်တွင် ၁,၃၅၁ ကျပ် အထိ ဈေးနှုန်းကျဆင်းခဲ့ရာမှ စက်တင်ဘာ ၁ ရက်တွင် ဝါးခယ်မငွေလဲစင်တာ ၌ အမေရိကန်ဒေါ်လာအရောင်း၁,၃၄၃ကျပ်၊ အဝယ် ၁,၃၃၈ ကျပ်အထိ ဈေးဆက်လက်ကျဆင်းလျက်ရှိကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.