ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းများအတွက် မြေနေရာလိုအပ်ချက်ရှိပါက စက်တင်ဘာ ၁၁ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်လှိုင် က ဆိုသည်။
နေပြည်တော်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပါက ယခုထက် ပိုပြီး တောက်ပသော အနာဂတ်ကို ဖော်ဆောင်ပေးမည်ဟု ပါတီ ဥက္ကဌ ဦးသန်းဌေးက ယနေ့နံနက် တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၌ COVID-19 ရောဂါပျောက်ကင်း၍ ဆင်းရုံမှဆင်းခွင့်ရသူ စက်တင်ဘာ ၈ ရက် အထိ ၁၀၀ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံသည် ဇန်နဝါရီလတွင် လူအများအပြားပါဝင်သော နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ဆေးထိုးနှံခြင်း လှုံ့ဆော်မှု စတင်သွားမည် ဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၈ ရက်၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) သြဂုတ် ၂၃ ရက် မှ သြဂုတ် ၂၉ ရက် အထိ တစ်ပတ်အတွင်း မတ်ပဲတန်ချိန် ၃,၃၆၇ဒသမ ၇၆ တန်ကို ပြည်ပ ၁၇ နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။