Connect with us

Local

တစ်ပတ်အတွင်း မတ်ပဲတန်ချိန် ၃,၃၆၇ ဒသမ ၇၆ တန် ပြည်ပ ၁၇ နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့

ပဲများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

သြဂုတ် ၂၃ ရက် မှ သြဂုတ် ၂၉ ရက် အထိ တစ်ပတ်အတွင်း မတ်ပဲတန်ချိန် ၃,၃၆၇ဒသမ ၇၆ တန်ကို ပြည်ပ ၁၇ နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က “တစ်ပတ်အတွင်း ကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၃၈ သန်း တန်ဖိုးရှိမတ်ပဲတွေ တင်ပို့နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း COVID-19 ရောဂါဖြစ်ပွားတဲ့ ကာလဖြစ်ပေမယ့် တတ်နိုင်သမျှ နိုင်ငံတကာကို ပို့ကုန်တင်ပို့မှု တွေ လျော့ကျမသွားဖို့အတွက်ဆောင်ရွက်နေပါတယ်’’ ဟု ဆင်ဟွာ သို့  ယနေ့စက်တင်ဘာ ၉ ရက်တွင် ပြောကြားသည်။

တစ်ပတ်အတွင်း တင်ပို့ခဲ့သည့် နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ယူကေ၊ ကနေဒါ၊ နီပေါ၊ ပါကစ္စတန်၊ တရုတ်၊ ထိုင်း၊ဗီယက်နမ်၊ ဂျပန်၊ ပြင်သစ် နှင့် အမေရိကန်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ နိုင်ငံများအနက် မတ်ပဲအများဆုံး တင်ပို့ရောင်းချခဲ့ရသည့် နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄၄၆,၅၂၁  တန်ဖိုးရှိ  မတ်ပဲတန်ချိန် ၇၂၀ ကို တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ မတ်ပဲများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပြည်ပနိုင်ငံများသို့ မတ်ပဲတင်ပို့သည့် ကာလအတွင်း မတ်ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၈၃ ဒေါ်လာပေါက်ဈေးရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထံမှ သိရသည်။  (Xinhua),


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117