ဟနွိုင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မိုးကြီး ရေလျှံမှုကြောင့် လူ ငါးဦးသေဆုံးပြီး အခြားသူ သုံးဦး ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဦးဆောင်ကော်မတီက ပြောကြားခဲ့သည်။
လန်ဒန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက လက်ရှိချိန်တွင် နိုင်ငံအတွင်း၌ COVID-19 ရောဂါ စစ်ဆေးမှုစင်တာပေါင်း ၅၀၀ ခု အားထူထောင်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူလူထုများ ပိုမိုလွယ်ကူချောမွေ့စွာ ရောဂါစစ်ဆေးနိုင်ရန်ဆောင်ရွက်ပေးခဲ့ကြောင်း အောက်တိုဘာ ၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၁,၀၁၂ ဦးတိုးလာကြောင်း ယနေ့(အောက်တိုဘာ ၈ ရက်) ညပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
တိုကျို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံသည် လာမည့်လတွင် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံနှင့် ဒေသ ၁၁ ခုအတွက် ခရီးသွားကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် စီစဉ်ထားကြောင်း ဒေသတွင်းမီဒီယာက အောက်တိုဘာ ၈ ရက်၌ သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) လေဖိအားနည်းရပ်ဝန်း မြန်မာနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းသို့ ဖြတ်ကျော်ချိန်၌ လေတိုက်နှုန်းသည် တစ်နာရီလျှင် (၃၅)မိုင်နှုန်းမှ မိုင်(၄၀) နှုန်းခန့်အထိ တိုက်ခတ်နိုင်ကြောင်း၊ ယနေ့သြဂုတ် ၈ ရက် ည တွင် ဖြတ်သန်းနိုင်ကြောင်း၊ မြန်မာနိုင်ငံသို့ ဖြတ်သန်းမည့် ရာခိုင်နှုန်းများကြောင်း မိုးလေဝသ နှင့်...