ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာလိုသည့် ပြည်တွင်းနှင့် နိုင်ငံတကာ (ပြည်ပ) ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများသည် ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာခွင့်ကို ဇွန် ၆ ရက်မှ စတင်၍ အောက်တိုဘာ ၁၈ ရက် အထိ...
မက္ကဆီကို၊ ဇွန် ၇ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း မက္ကဆီကိုပြည်နယ် Tultepecမြို့တွင် ဇွန်လ ၆ ရက်နေ့က မီးပန်း သိုလှောင်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၇ ဦးရှိပြီး ၈ ဦး ဒဏ်ရရှိကြောင်း ၎င်းပြည်နယ်အစိုးရက အခင်းဖြစ်ပွားသောနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ) ကမ္ဘာက အထူးအရေးပါသော အာရုံစိုက်မှုအဖြစ် ၁၈ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization= SCO) ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင်မြို့မှာ မကြာမီကျင်းပတော့မည် ဖြစ်သည်။
လန်ဒန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ) လန်ဒန်မြို့Knightsbridge ရှိ Mandarin Oriental ဟိုတယ်မီးလောင်မှုကို ငြှိမ်းသတ်ရန်အတွက် မီးသတ်ကား ၂ဝ စင်း နှင့် မီးသတ်သမား ၁၂ဝ ဦးကို အသုံးပြုခဲ့ကြောင်း လန်ဒန်မီးသတ်တပ်ဖွဲ့က ဇွန် ၆ ရက်တွင် ပြောကြားခဲ့သည်။
လန်ဒန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံရှိ အလယ်တန်းကျောင်းတစ်ခုတွင် နွေရာသီကာလအတွင်း ကျောင်းသားများအား အတိုအပြတ်ဝတ်ခြင်းကို တားမြစ်ပိတ်ပင်လိုက်ကြောင်း ၊ သို့ရာတွင် ၎င်းအစား စကတ်များကို ဝတ်ဆင်နိုင်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်ဟု ဒေသတွင်းမီဒီယာက ဇွန် ၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။