Connect with us

Videos

“ဝူဟန့်-ကီးယက်ဗ်” တရုတ်-ဥရောပ ကုန်တင်ရထား ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စတင်

ကီးယက်ဗ်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရုတ်-ဥရောပ ကုန်တင်ရထားကြီးသည် တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့မှ ယူကရိန်းနိုင်ငံ ကီယက်ဗ်မြို့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။၎င်းမှာ ပထမဆုံး တရုတ်-ယူကရိန်းတိုက်ရိုက်ပြေးဆွဲသည့် တရုတ်-ဥရောပ ကုန်တင်ရထားကြီးဖြစ်သည်။ အဆိုပါရထားကြီးသည် ဝူဟန့်နှင့်၎င်းအနီးပတ်ဝန်းကျင်ဒေသများမှ ထုတ်လုပ်သော ဓါတုကုန်ကြမ်းပစ္စည်း ၊လယ်ယာသုံးစက်ပစ္စည်း၊ အလူမီနီယံဘောင်၊ ဆေးထိုးပြွန်၊ ကျောပိုးအိတ်စသော ပစ္စည်းများ ပါဝင်သည့် ကွန်တိန်နာ ၄၃ လုံး၊ အလေးချိန်အားဖြင့် တန် ၈၀၀ ရှိသော ကုန်ပစ္စည်းများကို သယ်ဆောင်ကာ ၉,၀၀၀ ကီလိုမီတာခန့် ကွာဝေးသောခရီးကို ၁၅ ရက်ကြာ မောင်းနှင်၍ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။   

“ဒီနှစ်က ဝူဟန့်-ကီးယက်ဗ် ညီအမမြို့ဆက်ဆံရေးရဲ့ နှစ် ၃၀ ပြည့်နှစ်ပါ။ ရထားလမ်းသစ်က ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးကို ပိုပြီးကောင်းမွန်လာစေမယ်၊  အနာဂတ်မှာ နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းလာမယ်လို့ မျှော်လင့်ပါတယ်” ဟု Wuhan Asia Europe Supply Chain Management Co. , Ltd. ၏မီးရထားအော်ပရေတာ အထွေထွေမန်နေဂျာ Yuan Qiongက  ဆိုသည်။(Xinhua)    

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.