Connect with us

Videos

တရုတ်နိုင်ငံ ရှင်းကျန်းတွင် ရထားလမ်းသစ်  သံလမ်းခင်းခြင်း လုပ်ငန်း ပြီးစီး

ရှင်းကျန်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရထားလမ်းသစ် သံလမ်းခင်းခြင်းလုပ်ငန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော အပတ်က အာဖူကျွန်(အာလက်ထိုက်-ဖူယွင့်-ကျွန်တုန်း) ရထားလမ်း၏ အာလက်ထိုက်-ဖူယွင့် ရထားလမ်းအပိုင်းကို နောက်ဆုံးပြုပြင်မှုများ ပြုလုပ်ရာတွင်  ဖူယွင့် တံတားပေါ်ရှိ  သံလမ်းခင်းမှုလုပ်ငန်း လက်စသတ်နိုင်ခဲ့သည်။ အဆိုပါရထားလမ်း၏ စုစုပေါင်းအရှည်သည် ၄၂၀ ကီလိုမီတာရှိပြီး မြောက်ပိုင်းရှိ ရထားလမ်းနှင့် ချိတ်ဆက်ထားရာ ရှင်းကျန်းဒေသ မြောက်ပိုင်း ရထားပတ်လမ်းဖြစ်သည်။ 

အာဖူကျွန် ရထားလမ်းသည် အာလက်ထိုက် နှင့် မြို့တော် ဝူးလူမုချိအကြား ရထားလမ်းအကွာအဝေးကို ၇၆၀ ကီလိုမီတာမှ ၆၄၀ ကီလိုမီတာအထိ တိုတောင်းသွားစေပြီး ခရီးသွားကြာမြင့်ချိန်ကိုလည်း နှစ်နာရီခန့် သက်သာစေကြောင်း၊ ၎င်းမှာ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းအတွက် အထောက်အကူဖြစ်စေကြောင်း  China Railway First Group Co., Ltd၏ တာဝန်ခံတစ်ဦးဖြစ်သည့် ချောင်ကျန့်မျင်က ဆိုသည်။ အဆိုပါ ရထားလမ်းကို  ဩဂုတ် ၃၀ ရက် တွင် စတင် အသုံးပြုမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.