Connect with us

Videos

တရုတ်နိုင်ငံ၏ ကုန်းတွင်းဆိပ်ကမ်း ပထမနှစ်ဝက်တွင် နယ်စပ်ဖြတ်ကျော် ရထားပို့ဆောင်ရေး တန်ချိန် ၁၀ သန်းကျော်ရှိခဲ့

မန်ကျိုးလီ ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

တရုတ်-ရုရှား နှစ်နိုင်ငံနယ်စပ်ရှိ မန်ကျိုးလီ(Manzhouli)သည် အကြီးဆုံး ကုန်းတွင်းဆိပ်ကမ်း (ကုန်တင်ကုန်ချစခန်း) ဖြစ်ပြီး ယင်းကုန်စည်စခန်းမှတစ်ဆင့် ရထားလမ်းဖြင့် ပြည်ပကုန်သွယ်မှုပမာဏသည် ယခုနှစ် ပထမ နှစ်ဝက်တွင် တန်ချိန် ၁၀ သန်းကျော် ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ 

မန်ကျိုးလီမှတစ်ဆင့် ရထားဖြင့် ဇန်နဝါရီလမှ ဇွန်လအထိ ကုန်ပစ္စည်း တန်ချိန် ၈ ဒသမ ၂၅ တန်ခန့်အား တင်သွင်းခဲ့ပြီး ပို့ကုန်ပမာဏမှာ တန်ချိန် ၁ ဒသမ ၇၉ တန်ရှိကြောင်း ၊ အဓိကကုန်ပစ္စည်းများတွင် ကျောက်မီးသွေး ၊ ဓာတုဓာတ်မြေဩဇာ ၊ သစ် နှင့် အကြီးစား ဆောက်လုပ်ရေး စက်ယန္တရား များဖြစ်ကြောင်း သိရသည်။ 

ပထမနှစ်ဝက်တွင် ယင်းကုန်စည်စခန်းမှတစ်ဆင့် တရုတ်-ဥရောပ ကုန်တင်ရထား စုစုပေါင်း ၁,၅၀၅ စီး ဖြတ်သန်းသွားလာခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။တရုတ်-ဥရောပ ရထားလမ်းကြောင်းသည် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်မှာပင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို တည်ငြိမ်စေရေး နှင့် ထုတ်လုပ်မှုကို ပြန်လည် ရရှိရန် အတွက် အရေးကြီးသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖြစ်လာခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.