နယူးဒေလီ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်တွင် ယနေ့ (ဩဂုတ် ၇ ရက်) ကြီးမားသော မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) လာမည့်နှစ် ပြည်တွင်းဖူဆယ်ဘောလုံး ပြိုင်ပွဲများတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပြောင်းလဲလိုက်သည့် ဖူဆယ်ဥပဒေအရ ဒိုင်ငါးဦးအထိ ကြီးကြပ် ရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းက ဆင်ဟွာကို သြဂုတ် ၇ ရက်တွင်ပြောသည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးဆက်တိုက်မြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေး က တစ်ပတ်အတွင်း တစ်ကျပ်သားကို ကျပ် ၁,၂၉၀,၀၀၀ မှ ၁,၃၃၅,၀၀၀ အထိရောက်ရှိလာသဖြင့် တစ်ကျပ်သားလျှင်ကျပ် ၄၅,၀၀၀ဈေးတက်ခဲ့ကာ ရွှေဆိုင်များသို့ အမြင့်ဈေးဖြင့် ရွှေပြန်ရောင်းသူများ များပြားလျက်ရှိကြောင်း သိရသည်။
နယူးဒေလီ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ COVID-19 ဖြစ်ပွားမှု အရေအတွက်သည် သြဂုတ် ၇ ရက်တွင် ၂ သန်းကျော်အထိ ရောက်ရှိလာကာ ၂,၀၂၇,၀၇၄ ဦး ရှိပြီဖြစ်ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နေပြည်တော်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် ဒုတိယ အကြိမ် လွှတ်တော် သက်တမ်း ကာလ အတွင်း စီမံကိန်း ၂၉ ခုတို့ကို နိုင်ငံခြား ချေးငွေ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ကျော်ဖြင့်...