ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ) ဂါဇာဒေသတစ်လျှောက် ဆန့်ကျင်ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်နေပါက အစ္စရေးအနေဖြင့် ပြတ်ပြတ်သားသား အင်အားသုံးဖြေရှင်းသွားမည်ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နက်တန်ယာဟု (Netanyahu) က ဖေဖော်ဝါရီ ၃ ရက် အစိုးရအဖွဲ့ပုံမှန်အစည်းအဝေးတွင် သတိပေးပြောကြားလိုက် သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် လူ၁၇ ဦး(ကျား ၇၊ မ ၁၀)ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဆန်ဖရန်စစ္စကို၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ ရှိ အမှတ် ၁၀၁ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဖေဖော်ဝါရီ ၃ရက်က အမျိုးသမီးတစ်ဦး မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီး သည် လမ်းပြောင်းပြန်ဝင်ရောက်ကာ အခြားမော်တော်ယာဉ်များကို တိုက်မိခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း Bay...
လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Orange စီရင်စု တွင် ဖေဖော်ဝါရီ ၃ ရက်က လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ရာ လူ ၂ဦးသေဆုံးခဲ့ပြီး အခြားလူ ၂ဦး ဆေးရုံတင်ထားရကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
မော်စကို ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့တော်နှင့်ထိစပ်နေသည့် ကလူဂါ (Kaluga) ဒေသတွင် ဘတ်စ်ကားတစ်စင်းသည် ချောက်ထဲသို့ပြုတ်ကျပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ ဦးသေဆုံးပြီး အခြား ၃၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း TASS သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၃ ရက်တွင် ဖော်ပြခဲ့သည်။