Connect with us

WORLD

အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံရသူဦးရေ နှစ်သန်းကျော်လာ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ COVID-19 စစ်ဆေးရေးအတွက် သွေးရည်ကြည်လေ့လာမှုအတွင်း စာသင်ကျောင်းတစ်ကျောင်းတွင် ဒေသခံတစ်ဦးထံမှ သွေးနမူများ စုဆောင်းနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)  

အိန္ဒိယနိုင်ငံ၏ COVID-19 ဖြစ်ပွားမှု အရေအတွက်သည် သြဂုတ် ၇ ရက်တွင် ၂ သန်းကျော်အထိ ရောက်ရှိလာကာ ၂,၀၂၇,၀၇၄ ဦး ရှိပြီဖြစ်ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း အသစ်ကူးစက်ခံရမှု  ၆၂,၅၃၈ ခု ရှိခဲ့သည်။ သြဂုတ် ၆ ရက်မှစ၍    သေဆုံးသူ စုစုပေါင်း ၈၈၆ ဦးရှိခဲ့သဖြင့် တစ်နိုင်ငံလုံးတွင်  သေဆုံးသူစုစုပေါင်း ၄၁,၅၈၅ဦးအထိ ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ 

အချက်အလက်များအရ အိန္ဒိယနိုင်ငံတွင် အောင်မြင်စွာကုသနိုင်ခဲ့၍ ဆေးရုံမှဆင်းခွင့်ရသူ အရေအတွက်မှာ ၁,၃၇၈,၁၀၅ဦး ရှိပြီဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ ဆေးရုံများ၌ ကုသမှုခံယူနေဆဲဖြစ်သူ ၆၀၇,၃၈၄ ဦးရှိကြောင်း သိရသည်။ 

ယနေ့ (သြဂုတ် ၇ ရက်နေ့) သည် အိန္ဒိယနိုင်ငံ၌ ကူးစက်မှုအသစ် ၅၀,၀၀၀ကျော် ဆက်တိုက်ရှိလာသော ရှစ်ရက်မြောက်နေ့ဖြစ်သည်။ ရောဂါကူးစက်ခံသူဦးရေ တစ်ဟုန်ထိုးတက်လာရခြင်းမှာ ဗဟိုအစိုးရက နမူနာများကို ပိုမိုစစ်ဆေးစေခဲ့ခြင်းကြောင့် ဖြစ်သည်။

အိန္ဒိယဆေးသုတေသနကောင်စီ (ICMR) ၏ အချက်အလက်များအရ သြဂုတ် ၆ ရက်အထိ စုစုပေါင်း နမူနာ ၂၂,၇၈၈,၃၉၃ ခု စစ်ဆေးခဲ့သည့်အနက် နမူနာ ၆၃၉,၀၄၂ ခုကို သြဂုတ် ၆ ရက်တစ်နေ့တည်းတွင် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)